Part(8)

3.6K 161 0
                                    

Unicode

တီ........တီ..

ခရီးသည်တင်ကားတစ်စီး သည် လိုရာခရီးကို​မောင်းနှင်​တော့မည်ဖြစ်သောကြောင့် ခရီးသည်များကို  ကားဟွန်းတီးကာအသိပေးနေသည်။

ထိုအချိန် ကောင်လေးတစ်ယောက်နှင့်အမျိုးသမီးကြီးတစ်ယောက်သည်ပါလာ​သောအထုပ်များကိုသယ်ကာကားပေါ်တက်ရန်ပြင်ကြတော့သည်။

ခရီးသည်များအားလုံး စုံလင်​သောအခါကားသမားကြီးသည်ကားစထွက်ဖို့ပြင်တော့သည်။

"မေမေလေး ပြတင်းပေါက်ပါတဲ့ဘက်မှာထိုင်မလား ခြွေဖယ်ပေးမယ်လေ"

"ရပါတယ်  ခြွေလေးရယ်  မေမေလေးဒီဖက်မှာပဲထိုင်ပါ့မယ်  သားလေးပဲအဲ့ဖက်မှာထိုင်လိုက်တော့နော်"

"ဟုတ်ကဲ့မေမေလေး"

"အော်ဒါနဲ့ မေမေလေး"

"ဟင် ပြောလေခြွေလေး ဘာပြောမလို့လဲ"

ခြွေလည်း မေမေတစ်ယောက်ထဲရွာမှာအဆင်မှပြေပါ့မလားလို့​မေးချင်ပေမဲ့ မေမေလေးစိတ်မကောင်းဖြစ်မှာဆိုးတာနဲ့ဘာမှမပြောပဲသာနေလိုက်တော့သည်။

"အော်ဘာမှမဟုတ်ပါဘူး မေမေလေးခေါင်းမူးရင်ခြွေကိုပြောလို့ပြောမို့ပါ"

မေတ္တာလည်းသူမရှေ့က ခြွေလေးကိုကြည့်ပြီးပြုံး၍သာခေါင်းညိမ့်တော့သည်။

ကားလမ်းမပေါ်ရှိ ခရီးသွားကားလေးသည်လည်း သူ၏ ဉီးတည်ရာကိုမောင်းနှင်တော့သည်။

ကားပေါ်မှလူနှစ်ယောက်ကတော့အတွေးကိုယ်စီဖြင့်လိုရာခရီးသို့လိုက်ပါကြတော့သည်။

မာန်အိမ်တော်တွင်

At (7:30)Am

ဘုန်းးးးးဘုန်းးး

မေရီထိုက်မာန်တစ်ယောက်အိပ်နေ တုန်းသူမအခန်းတံခါးကိုတယောက်ယောက်လာထုနေသောအသံကြောင့်လန့်ကာနိုးသွားသည်။

ထိုနောက်အခန်းမီးကိုဖွင့်ကာ

"ကျစ်..ဟာ..မနက်စောစောဘယ်သူလာထုနေတာလဲမသိဘူးဟူးးးး"

မေရီလည်း အပြင်ကတံခါးကျိုးအောင်ထုနေသူကိုစိတ်ပျက်စွာပြောရင်း သွားဖွင့်ပေးလိုက်သည်။

ခြွေယူသူ (complete)Where stories live. Discover now