Part(20)

3.3K 113 0
                                    

Unicode

"ခိုက်ဦးထိုက်မာန်..."

ခိုက်ဦးလည်း ဝရံတာမှာ ဆေးလိပ်သောက်နေတုန်း သူ့နာမည်ကို ဒေါသထွက်သံနဲ့ ခေါ်လိုက်တာကြားလိုက်ပြီး မျက်ခုံးနှစ်ဖက်ထိစပ်လုမကပ်နီးစပ်ပြီး နှဖူးမှအရေးကြောင်းများပေါ်သည်အထိ မျက်လုံးများကျုံ့ ကာ အနောက်သို့ လှည့်ကြည့်လိုက်သည်။

မေရီလည်း မောင်ဖြစ်သူကို ဒေါသထွက်လွန်းတာကြောင့် ညစာတောင်သွားမစားပဲ မောင်ဖြစ်သူအခန်းထဲ ရှင်းစရာရှိတဲ့ ကိစ္စတွေ ရှင်းဖို့ဝင်လာခဲ့သည်။

မေရီလည်း မောင်ဖြစ်သူဆီကို ဒေါသထွက်နေသော မျက်လုံးများဖြင့်ပေါက်ထွက်မတက်ကြည့်ရင်း လာခဲ့သည်။

ပြီးနောက် မောင်ဖြစ်သူနဲ့ မျက်နှာချင်းဆိုင် ရပ်လိုက်ပြီး

"ခိုက်ဦးထိုက်မာန် နင်မင်္ဂလာကိစ္စကိုဘာလို့ လက်ခံလိုက်တာလဲ"

ခိုက်ဦးလည်းအမ ဖြစ်သူစကားကို ဂရုမစိုက်ပဲ ဝရံတာမှာမှီရင်းဆေးလိပ် ဆက်သောက်လိုက်သည်။

မေရီလည်း သူ့စကားကိုမကြားသလိုနေနေတဲ့ မောင်ဖြစ်သူကို ဒေါသထွက်ကာ မောင်ဖြစ်သူ သောက်နေတဲ့ ဆေးလိပ်ကိုဆွဲယူလိုက်ပြီး အိမ်စီးအ​မွှေးပွသားရေ ဖိနပ်နဲ့ နင်းချေပစ်လိုက်သည်။

ခိုက်ဦးလည်းအမဖြစ်သူရဲ့ လုပ်ရပ်ကိုဒေါသထွက်ပြီး

"မေရီထိုက်မာန် နင်ဒါဘာလုပ်တာလဲ"

မေရီက ဘာမှမလုပ်လိုက်တဲ့သူလို မျက်ခုံးတချက်ပင့်လိုက်ပြီး

"ဘာ လုပ်ရမှာလဲ ဆေးလိပ်မီးကိုသတ် လိုက်တာလေ"

ခိုက်ဦးလည်း ဒေါသထွက်စွာ မေးရိုးများပင်ထောင်ပြီး အံကျိတ်ကာ

"မေရီထိုက်မာန် ငါသီးခံနိုင်တယ့် အတိုင်းအတာကို ​​​ကျော်လွန်မလာနဲ့နော်"

မေရီလည်း မျက်နှာကိုမော့ချီ လိုက်ပြီး

"လွန်တော့ဘာဖြစ်လဲ"

"ကျစ်..မေရီ နင်ဘာဖြစ်ချင်နေတာလဲ"

"ငါမေးတာနင်ဖြေလေ"
"ဘာကို ဖြေပေးရမှာလဲ မေ ရီ ထိုက် မာန်"

ခြွေယူသူ (complete)Where stories live. Discover now