Unicode
မေတ္တာဆေးပေးခန်းရှေ့တွင်
အမျိုးသားငယ်တယောက်သည် နှင်းဆီပန်းနီနီလေးများကိုသယ်ကာ ဆေးခန်းရှေ့တွင်တစုံတခုကိုရပ်ကာ စောင့်နေခဲ့သည်။
ထိုအချိန်ဆေးပေးခန်းမှ သူနာပြုဆရာမကြီးတယောက်ထွက်လာ၍
"ဟယ် ခြွေလေး မေမေလေးဆီလာတာလား ကြည့်စမ်းပါအုံး လက်ထဲမှာလဲပန်းတွေအများကြီးပဲ နှင်းဆီဆူးတွေ ဆူးနေအုံးမယ် လာအခန်းထဲကစားပွဲပေါ်လာတင်ထားလိုက်"
ခြွေလည်းမေမေလေးနှင့်အတူ ဆေးပေးခန်းထဲဝင်ကာ လက်ထဲမှပန်းများကိုစားပွဲပေါ်တင်လိုက်သည်။
"ခြွေလေးရယ်ပန်းတွေ ဘာလို့ယူလာတာတုန်း ဟိုရက်ကပဲလာပေးထားပြီးတော့"
ထိုအခါခြွေက နှုတ်ခမ်းလေးကိုအနည်းငယ် စူ၍ ချစ်ဖို့ကောင်းသောမျက်နှာဖြင့်သူနာပြုဆရာမကြီးရဲ့ဘေးနားသွားကာ
"မတူဘူးလေမေမေလေးရဲ့ ဟိုရက်ကလာပို့တာက ကလျာတို့ခြံက ဒေလီယာတွေလေ အခုကခြွေတို့ခြံက နှင်းဆီလေ ပြီးတော့မေမေလေးကနှင်းဆီပန်းကို အကြိုက်ဆုံးဆိုတော့ခြွေက သေချာခူးပြီး လာပို့ပေးတာပါ"
မေတ္တာ လည်းသူမရှေ့ကချစ်ဖို့ကောင်းအောင် စကားပြောနေသောကောင်လေးကို ပြုံး၍သာ ကြည့်နေမိတော့သည်။
ခြွေလေးကသူမမျက်စိရှေ့မှာပဲ ကြီးပြင်းလာတဲ့ကလေးမို့သားအရင်းတယောက်လိုဖြစ်နေသည်။
ခြွေလေးရဲ့အမေဝတီကိုလည်း စမြင်မြင်ကတည်းက ညီမလေးတယောက်လိုသံယောဇဉ်တွယ်ခဲ့ရတာဆိုတော့ထိုသားအမိနှစ်ယောက်ကသူ့အတွက်တော့ဒုတိယမိသားစုလိုပင်ဖြစ်နေသည်။
ဟိုးအရင်ခြွေလေးရဲ့အဖွားရှိစဉ်တုန်းကတော့ အဖွားရဲ့မကြည်ဖြူမှုကို ခံယူရတဲ့ခြွေလေးကအရမ်းသနားဖို့ကောင်းခဲ့တယ်
ခြွေလေးရဲ့အဖွားက အတ္တအရမ်းကြီးရဲ့မိန်းမတယောက်ဆိုတော့ခြွေလေးကို သူ့အဖေရင်းကိစ္စနဲ့ပတ်သတ်ပြီးဘယ်သောခါမှအမြင်မကြည်ခဲ့ဘူး
ဝတီကလည်းခြွေလေးအဖေရင်းနဲ့ပတ်သတ်တဲ့ကိစ္စတော့မေတ္တာကိုအခုထိမပြောဖူးသေးဘူး

YOU ARE READING
ခြွေယူသူ (complete)
Fantasyboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်