Unicode
ခြွေ ဒီနေ့ နဲ့ ဆိုဟိုတယောက်ကို ရှောင်နေတာ တပတ် ပြည့်သွားပြီ ခြွေလည်းမနက်ဖြန်ဆို ရွာပြန်တော့မှာဆိုတော့ အခုခံစားနေရတဲ့ ဒုက္ခတွေကနေလွတ်ပါပြီလေ။
ဟူးးး
ခြွေတယောက် သူအခန်းထဲကပြတင်းပေါက်နားမှာထိုင်ပြီးတွေးရင်း အသက်ဝဝရှူလိုက်ကာ လေပူတချက်မှုတ်ထုတ်လိုက်သည်။
တီ...
ခြွေလည်း ကားဟွန်းတီးသံ ကြားရတာနဲ့ ခြံထဲဘက်ကို ပြတင်းပေါက်နားကနေ တချက် ခြေဖျားထောက်ကာ ကြည့်လိုက်သည်။
ကားပေါ်က ဆင်းလာတယ့် လူတွေကိုမြင်ပြီး ခြွေတယောက် သက်ပြင်းချလိုက်ပြီး ထိုင်ခုံပေါ်မှာ ပြန်ထိုင်လိုက်သည်။
ကျွီ...
ခြွေလည်း တံခါးပွင့် သွားတဲ့အသံကြောင့် လှည့်ကြည့်လိုက်တော့
"ခိုက်ဦးထိုက်မာန်... မင်းငါ့အခန်းထဲကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတယ့် ဇရပ် လို့ထင်နေတာလား"
"ထင်တယ်ဆိုရင်ကော"
"ဘာ.."
ခိုက်ဦးလည်း တမင်သက်သက် အမြင်ကပ်တာနဲ့ပိတ်ပြောပေးလိုက်တယ် ဒီလူ သူ့ကိုရှောင်နေတာ သူမသိဘူးများထင်နေလားမသိဘူး ဟက်..ခိုက်ဦးထိုက်မာန်ကို ဒီလိုအချိုးမျိုးလာချိုးလို့ရမယ်မထင်နဲ့
"ဒီမှာ ခိုက်ဦးထိုက်မာန် ငါကမင်းအိမ်မှာနေတယ်ဆိုလို့ မင်းလုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေတာလား"
ခိုက်ဦးလည်း သူရှေ့က ရဲရဲလာတောက်ပြနေတဲ့သူကိုစချင်လာတာနဲ့
"အစကတော့မထင်ဘူး အခုတော့ထင်တယ် ဆိုရင်ကော"
"မင်း..မင်း.."
ခြွေလည်း သူရှေ့ကလူကိုဘာမှဆက်မပြောချင်တာနဲ့ အပြင်ထွက်လာဖို့ပြင်လိုက်တော့တယ် အဲ့လူနဲ့အတူဆက်ရှိနေရင် မပြောချင်တယ့်စကားတွေလည်းပြောထွက်လာလိမ့်မယ် အဲ့လိုပြောတိုင်းခြွေရင်ထဲဘယ်လောက်ထိနာလည်း ဆိုတာ ခြွေကိုယ်တိုင်အသိပဲ ဟုတ်တယ် ခြွေမချစ်သင့်တယ်သူကို ချစ်နေမိတယ် ဆယ်ကျော်သက်အရွယ်ကတည်းကဘယ်သူ့ပေါ်မှာမှမဖြစ်ဘူးတဲ့ ခံစားချက်ကို သူရှေ့ကလူနဲ့ကျမှဖြစ်ပေါ်လာခဲ့တယ် စမြင်ကတည်းကဖြစ်ပေါ်လာတဲ့ခံစားချက်တွေကိုလျစ်လျူရှူ ထားပေမယ့် အဲ့လူနဲ့တွေ့ရင်အရာအားလုံးက လျစ်လျူရှူလို့မရအောင်ထိကိုဖြစ်ခဲ့ရတယ် ကိုယ်ကယောက်ျားလေးဖြစ်ပြီး အခြားယောက်ျားလေးတယောက်အပေါ်ခံစားချက်ရှိနေတာက ခြွေကိုယ်တိုင်အတွက်ပြဿနာနာမရှိပေမဲ့ တဖက်သူအတွက်ရော သူ့အသိုင်းအဝိုင်းတွက်ရော နစ်နာစရာတွေဖြစ်လာနိုင်မယ် ပြီးတော့ကိုယ်ချစ်နေရတဲ့ အမျိုးသားက သက်ဆိုင်သူရှိပြီးသားဆို ကိုယ့်ဘက်ကတက်နိုင်သလောက်သူနဲ့ဝေးရာကို သွားတာပိုကောင်းပါတယ်။
YOU ARE READING
ခြွေယူသူ (complete)
Fantasyboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်