Unicode
"နိုရာ မပြေးနဲ့ လေ...."
"ဟီးး ဟီးး နိုနိုပြေးမှာ လိုက်ဖမ်းးး"
"နိုရာ ကိုကိုမောနေပြီ အ.."
ခြွေလည်း ပြေးနေရင်း ခဲလုံးကိုမမြင်ပဲ ခလုတ်တိုက်သွားကာ ချော်လဲသွားတော့သည်။
ထိုအခါမှ ကာတွန်းဝမ်းဆက်အပြာရောင် အင်္ကျီလေးဝတ်ထားသော လေးနှစ်အရွယ်ကလေးမလေးသည် ချော်လဲ သွားသောသူဆီသို့ ပြေးလာလိုက်သည်။"ဟင့် တိုတို နာနာ.."
ခြွေလည်း ကလေးမလေး လက်နဲ့ ထိုးပြနေသော နေရာကိုကြည့်မိလိုက်တော့ ချောလဲလို့ ပွန်းသွားတဲ့ နေရာကသွေးလေးနည်းနည်း ထွက်နေတာကိုမြင်လိုက်သည်။ သူ့ရှေ့က ကလေးမလေးက သူ့အနာကို လက်လေးနဲ့ ဖွဖွလေးထိပြီး
"ဖွ ဖွ ပျောက်ပြီ နိုနိုစျေး ကုထားတယ် သက်သာမှာနော်"
ခြွေလည်းသူရှေ့က ကလေးလေးကိုကြည့်ပြီးပြုံးပြလိုက်မိသည်။ အမထနှောင်းတို့ သားမိနှစ်ယောက်က နောက်လနေရင် နိုင်ငံခြားသွားတော့မှာ ပထမတော့ နောက်အပတ်လောက်သွားတော့မယ်စီစဥ်ထားတာ ခြွေက ခြွေနဲ့မောင်ရဲ့ မင်္ဂလာပွဲပီးမှပဲသွားပါလို့ပြောထားတာနဲ့ အမထနှောင်းလဲ ခြွေပြောတဲ့ အတိုင်းပဲလုပ်လိုက်တယ်။ အခုတော့ ခြွေတို့အိမ်မှာ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးရဲ့ အသံတွေနဲ့ပြည့်နှက်နေပြီ။နိုရာလေးက အရမ်းချစ်ဖို့ကောင်းတယ် စရောက်တုန်းကတော့ အရမ်းငိုတာ ဘယ်သူနဲ့မှလဲစကားမပြောဘူး အမထနှောင်း ချီလည်း ငိုနေတာ ကလေးကအမထနှောင်းကို သူ့အမေမှန်းမသိသေးလို့ထင်ပါရဲ့ အမထနှောင်းကလည်း သူ့သမီးကသူခေါ်တာမလိုက်လို့ဆိုလို့ သူကိုယ်သူအပြစ်တင်ပြီးငိုနေလို့ ခြွေတို့တွေတောင်မနည်း ချော့ရတယ်။ အမထနှောင်းက သမီးလေးရောက်လာပြီးကတည်းက အရင်လိုမဟုတ်တော့ဘူး အရင်ကဆို အမထနှောင်းရဲ့ မျက်နှာက အမြဲတမ်းတည်တည်ကြီး ခြွေတို့နဲ့ဆိုလည်း အိမ်မှာသာ အတူတူနေတာ စကားတစ်ခွန်းမှပြောဖြစ်တာမဟုတ်ဘူး အမြဲ သူ့အခန်းထဲမှာပဲနေတာ။အခုတော့အရင်လိုမဟုတ်တော့ဘူး အမထနှောင်းမျက်နှာလေးက အမြဲတမ်း မပြုံးနေရင်တောင် အရင်လိုမဟုတ်တော့ပဲ ကြည်ကြည်လင်လင်လေး ခြွေကိုလည်း မောင်လေးရင်းလေး လိုမျိုးပဲ ပြောဆိုတယ် အခုတောင်မှခြွေတို့တွေကို သူကိုယ်တိုင်ထမင်းဟင်းချက်ကျွေးမယ် ဆိုပြီးနောက်မှာ ချက်ပြုတ်နေတယ် ။
YOU ARE READING
ခြွေယူသူ (complete)
Fantasíaboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်