Unicode
အနီးဆုံးကိုလဲသွားခဲ့ဖူးပြီ။ ဆက်သွယ်ဖို့်လဲကြိုးစားခဲ့ပြီးပြီ။ အဆုံးလေ မသင့်တော်တြဲ့မာယာတစ်ချို့ထုတ်သုံးဖို့တောင်ပြင်ခဲ့ပေမဲ့ အဲ့ဒီ့လူကလေ …။ရက်ချီပါတယ်။ လအချို့လဲကြာခဲ့တယ်။ ဂျောင်ကု လက်ချောင်းလေးတွေ လေပေါ်ြမှောက်လို့ ချိုးကာရေတွက်ကြည့်လိုက်တယ်။ အနီးဆုံးလဲသွားခဲ့ဖူးပြီ။ ဆက်သွယ်ဖို့လဲကြိုးစားခဲ့ပြီးပြီ။ မသုံးသင့်တဲ့ မာယာတစ်ချို့တောင်
လေး…ငါး…ခြောက်…အင်း…။ ပင့်သက်တစ်ချက်ရှိုက်သွင်းလို့ ဒီလတွေအတွင်း ဘယ်လောက်တောင် သရုပ်ပျက်ခဲ့ရသလဲ။ ခြောက်လဆိုတဲ့ကာလရှည်ကြီးမှာ ဒီလူသားအားအရှင်လတ်လတ်ချစ်ခွင့်ပန်ဖို့အတွက် ရှိသမျှဘဲတွေစော်တွေ အကုန်ပစ်ပြီးလိုက်ခဲ့တာတောင် အင်းလေ… တိုးတော့လဲတိုးတက်ပါရဲ့။ ရွံစရာကောင်ဆိုတဲ့နာမည်လေးရယ်…၊ စိတ်ပျက်ဖို့ကောင်းလိုက်တာလို့ ညည်းညူတတ်တဲ့ ဝေါဟာရလေးတွေအကြိမ်ရေများလာတာပေါ့။
လိမ်နေတာမဟုတ်ဘူး။ ဟန်ဆောင်နေတာလဲမဟုတ်ဘူး။ တကယ်ကို ခါးခါးသီးသီးကိုမုန်းနေခဲ့တာ။အဲ့ဒီ့လူကျတော့်ကို အားမနာတမ်းခေါ်တဲ့နာမ်စားလေးတစ်ခုရှိသေးတယ်။ ငပွေကောင်တဲ့။ ကျတော်တွေးကြည့်ဖူးတယ်။ အဲ့ဒီ့လူဘာလို့ ကျတော့်ကိုသေလောက်အောင်မုန်းနေရသလဲဆိုတာကိုလေ။ စတွေ့ပါပြီဆိုကတည်းက အရှိန်အဝါတစ်ခုနဲ့ ရင်ထဲကိုနေရာလာယူသွားတဲ့ အဲ့ဒီ့လူအပေါ် ကျတော်ဘက်က မသိစိတ်နဲ့တောင် နစ်နာအောင်မလုပ်ခဲ့တာ။ ကျတော်တရားဝင်မနှောက်ယှက်မိခင်အထိပေါ့လေ။
တကယ်ဆိုရင် ပထမဆုံးအကြိမ်တွေ့ကတည်း အဲ့ဒီ့လူဘက်ကကျတော့်ကို သိနေပြီးသား။ မုန်းနေခဲ့ပြီးသားပဲ။ ဒါကိုမရိပ်မိတဲ့ ကျတော်ကသာ အြခေအနေတွေပိုဆိုးအောင် ဖန်တီးသလိုဖြစ်နေခဲ့တာမလား။
နဖူးပေါ်တင်ထားတဲ့လက်ကိုပြန်ချပြီး အိပ်ရာပေါ် ငုတ်တုတ်ထထိုင်မိတယ်။ အခုက လှဲပြီးအသည်းကွဲနေရမဲ့အချိန်မှမဟုတ်တာပဲ။
အချစ်ကိုရှာချင်လို့ ရည်းစားတွေထည်လဲမကတွဲတယ်။
တွေ့တဲ့အချစ်က ကိုယ့်ကိုမုန်းတယ်။
YOU ARE READING