Part 21

189 26 2
                                    

Unicode

"ကိုကို..."

"ဘာလာလုပ်တာလဲ ဂန်အီသန် ထွက်သွားလို့မင်းကိုပြောနေတယ်လေ မင်းသတ်တဲ့လူက ငါဟုတ်မဟုတ်လာကြည့်တာလား ဟမ်!"

ဥက္ကဌဆီကထွက်ပေါ်လာတဲ့ အော်သံအဆုံး အီသန်ဆိုတဲ့ကောင်လေးက စတင်ပြီးရှိုက်ကြီးတငင်ငိုလေသည်။

"မဟုတ်ဘူး ကိုကိုအထင်လွဲနေတာ ကျတော်ရှင်းပြပါရစေ ကိုကိုအထင်လွဲနေတာပါ"

"ထွက်သွားလို့ပြောနေတယ် ဂန်အီသန်ရာ မင်းငါ့ရှေ့ကထွက်သွားစမ်းပါ သွားစမ်းကွာ!!"

နီးစပ်ရာသည် ခေါင်းအုံးသာရှိနေလို့တော်သေးသည်။ အီသန်ဆိုသူကောင်လေးက နေရာမှာတင်မလှုပ်မယှက်ရပ်ကာ ဒရမ်မာခင်းပြနေသည်။ သူ့ဇာတ်နဲ့သူ့အရပ်ကတော့ ဟုတ်နေတာပဲ။

ခေါင်းကိုဖိကိုင်ကာ နာကျင်မှုကိုအံတုနေရဟန် ဥက္ကဌမျက်နှာက တဖြည်းဖြည်းပျက်ယွင်းလာသည်။ ဒေါက်တာကို သတိပေးလိုက်တော့ အီသန်ဆိုတဲ့ကောင်လေးကိုချော့ခေါ်က အခန်းအပြင်ထုတ်သွားသည်။

"ခင်ဗျား အဆင်ပြေရဲ့လား"

"ထွက်သွား ထွက်သွားကြ"

"ကျတော်လေ ဂျွန်ဂျောင်ကု "

ငြိမ်ကျသွားတဲ့ဥက္ကဌရဲ့အပြုအမူကြောင့် ဘာရယ်မသိ သူ့ရင်ထဲသိမ့်ခနဲ။

"ရေသောက်ချင်တယ် ရေပေးပါ"

စားပွဲအသေးပေါ်က ရေကရားထဲမှရေကို ဖန်ခွက်ထဲပြောင်းထည့်ပြီး လက်ထဲအသေအချာထည့်ပေးလိုက်တော့လဲ ခပ်ဖြေးဖြေးပဲမော့သောက်နေပြန်သည်။ ဒီလိုသာ မကောင်းတာတွေဆက်တိုက်ဖြစ်နေရင် ခင်ဗျားဘယ်လိုများခုခံအားရှိတော့မလဲလေ။

"သက်သာလား ဘယ်လိုနေသေးလဲ"

"အိပ်ချင်တယ်..."

"ဒါဆို ကျတော်ထွက်သွားပေးမယ် "

"မဟုတ်ဘူး"

သူ့ကိုဆွဲထားတဲ့လက်တွေ။ သူငြင်းလို့ရရဲ့လား။

"ခဏလောက်ပဲဖြစ်ဖြစ် ငါအိပ်ပျော်သွားတဲ့အထိပဲ နေပေးပါလား"

သူမငြင်းနိုင်ခဲ့ပါ။ မျှော်လင့်တကြီးကြည့်နေတဲ့ ဥက္ကဌရဲ့အကြည့်တွေကို သူမငြင်းချင်ခဲ့ဘူး။ ဆုပ်ကိုင်ထားတဲ့လက်တွေကို လွှတ်ပေးပါလို့မတောင်းဆိုခဲ့မိသလို ရုန်းလည်းမထွက်ချင်ခဲ့ဘူး။ ဒါတွေအားလုံးက စိတ်ဒဏ်ရာရနေတဲ့သူတစ်ယောက်ကို သနားနေလို့ပဲလေ။ သူကိုယ်တိုင်လဲ ဒဏ်ရာတွေရှိခဲ့ဖူးတဲ့သူမလို့ ကိုယ်ချင်းစာနေရုံပဲ။ ခင်ဗျား အမြန်ဆုံးနေပြန်ကောင်းလာမှဖြစ်မယ်။

ငပွေလီ၏ချစ်ခြင်းကဋေကဍာ / ငပွေလီ၏ချစ်ခြင်းကဋေကဍာWhere stories live. Discover now