Unicode
"အကို... ရက်ပိုင်းလေးအတွင်း လူတစ်ယောက်က အများကြီးပြောင်းလဲသွားနိုင်လား"
မမုန်းဘူးဆိုသောအဖြေသည် အခိုက်အတန့်တစ်ခုအထိ ပျော်ရွှင်စေခဲ့တာမှန်သော်လည်း တစ်စုံတစ်ရာမှားယွင်းနေသည်ဟု စိတ်ထင့်မိသည်မှစ၍ ပျော်ရမည့်အစား အတွေးတို့စ၍ရှုပ်ထွေးလာရသည်။ ထို့ကြောင့် အလုပ်များသူ အကိုဟီးဆောင်းအား အပူတိုက်၍ ပန်းခြံထဲဘီယာလာသောက်နေမိသည်။
အကိုဟီးဆောင်းက ကျတော့်ထံအကြည့်တစ်ချက်ပို့ပြီး အဖြေမပေးသေးပဲ လက်ထဲကဘီယာအား တစ်ကြိုက်မော့သည်။ ပြီးမှ"အင်း... ဖြစ်တော့ဖြစ်နိုင်ပါတယ် လူ့စိတ်ဆိုတာ ခန့်မှန်းလို့မရဘူးလေ တစ်နေ့တစ်ရက်တည်းနဲ့လဲ အကြောင်းအမျိုးမျိုးကြောင့် ပြောင်းလဲသွားနိုင်တာပေါ့ ဒါပေမဲ့ အကြောင်းပြချက်မရှိပဲပြောင်းလဲသွားတယ်ဆိုရင်တော့ ဟန်ဆောင်နေတာပဲဖြစ်မှာ..."
အကြောင်းပြချက်...။ သေလောက်အောင်မုန်းပါတယ်ဆိုတဲ့လူက တစ်ပတ်မကြာတဲ့အချိန်အတွင်း မမုန်းပါဘူးလို့ ပြောရတဲ့အကြောင်းအရင်းကဘာလဲ။ အထင်လွဲပြီးအမှားတွေလုပ်ခဲ့မိတယ်ဆိုတာ ဘာလဲ။ ဘာကိုအထင်လွဲခဲ့တာလဲ။
"အလုပ်ကအဆင်မပြေလို့လား"
"အလုပ်သဘောအရတော့အဆင်ပြေပါတယ် personalပါ"
"အလုပ်နဲ့ပုဂ္ဂိုလ်ရေးနဲ့ခွဲထားရမယ်ဆိုတာသိတယ်မလား"
"ပုဂ္ဂိုလ်ရေးကြောင့်အလုပ်ဝင်ခဲ့တာလေ ဘာလို့ခွဲနေရမှာလဲ"
"ဒါဆိုဘာကပိုအရေးကြီးတာလဲ"
"အမြည်း"
အကိုဟီးဆောင်းလက်ထဲက မုန့်ဘူးကိုမေးဆတ်ပြပြီး ပါးစပ်ဟကာ ခွံ့ကျွေးဖို့ဟန်ပြတော့ အကိုဟီးဆောင်းက သဘောတကျရယ်၏။ မုန့်တစ်ခုအားယူ၍ကျတော့်အား ခွံ့ကျွေးပြီး စကားလမ်းကြောင်းမလွဲနဲ့ဟု ပြောသော်လည်း ဆက်တော့မမေးခဲ့ပါချေ။ အဖြေအား ကျတော်မပေးလဲ အကိုဟီးဆောင်းကကြိုသိပြီးဖြစ်ပါလိမ့်မည်။
>>>
hot chocoကို စားပွဲပေါ်တင်ပေးပြီး သိချင်တာကိုမေးဖို့ အချိန်အခါကိုစောင့်ကြည့်လိုက်သည်။ laptopကိုပိတ်ချလိုက်ပြီး hot chocoအား အေးအေးဆေးဆေးသောက်နေမှ အခွင့်ရပြီကိုသိလိုက်သည်နှင့်
![](https://img.wattpad.com/cover/348363606-288-k894138.jpg)
YOU ARE READING