Unicode
"ကျတော်သတ်တာမဟုတ်ဘူး ထယ်ယောင်းနေရာကိုလဲ မလိုချင်ဘူး ကျတော်သတ်တာမဟုတ်ဘူး"
အိပ်ယာကနိုးနိုးချင်းဘေးမှာရှိနေခဲ့တဲ့ ဥက္ကဌကိုမြင်ရတာ နည်းနည်းတော့အံ့သြဖို့ကောင်းပေမဲ့ ညကခေါင်းမထောင်နိုင်အောင်သောက်ခဲ့မိတာကိုတော့ မှတ်မိသည်။ ညကဖုန်းဆက်ပြီးခေါ်လိုက်မိတယ်ထင်တယ်။ အချိန်ကမနက်သုံးနာရီသာရှိသေးသည်။ သန့်စင်ခန်းထဲဝင်နေတုန်း သွေးရူးသွေးတန်းအော်ဟစ်ငိုယိုနေတဲ့အသံ။ နံရံအလွတ်ကိုသွေးပြတ်စွာကြည့်ပြီး အော်ဟစ်ငိုလျက်စကားတွေပြောနေတဲ့ ဥက္ကဌကိုတွေ့လိုက်ရချိန် သူကြောင်အ,သွားခဲ့သည်။ သူ့ကိုလဲမြင်ပုံမရ။
"ဥက္ကဌ ဘာဖြစ်တာလဲ ဘာဖြစ်လို့"
"မဟုတ်ဘူး ကျတော်သတ်တာမဟုတ်ဘူး အဖေ ကျတော်ထယ်ယောင်းကိုမသတ်ဘူး"
သူ့မျက်နှာကိုကြည့်နေပါရက်နဲ့ အဖေဟုသာတဖွဖွခေါ်ရင်း ထယ်ယောင်းကိုမသတ်ပါဘူးဟုတွင်တွင်ငြင်းနေသည်။ ထယ်ယောင်းကိုမသတ်ဘူးတဲ့လား။ ဒါဆို ထယ်ယောင်းဆိုတာ မောင့်နာမည်အစစ်ပေါ့။ ဘာလဲ မောင်ကအသတ်ခံလိုက်ရတာလား။ မောင်... မရှိတော့ဘူးလား။ ခဏလောက် ဦးနှောက်ထဲဗလာကျင်းသွားခဲ့သည်။ ဘာတွေဖြစ်ကုန်တာလဲ။ မတွေ့လိုက်ရတဲ့အချိန်တစ်ပတ်နှစ်ပတ်အတွင်း ဘာတွေဖြစ်ဖြစ်ကုန်တာလဲ။ အဲ့တော့ မောင်ကသေသွားပြီလား။
အတွန်းခံလိုက်ရလို့ကြမ်းပြင်ပေါ်လက်ထောက်ကျကာ လက်ဖဝါးကဆစ်ခနဲဖြစ်မှ အသိပြန်ဝင်လာသည်။ လက်ဖဝါးထဲစူးစိုက်ဝင်နေတဲ့ ဖန်စတစ်ခု။ ခပ်မြန်မြန်ပဲဆွဲထုတ်လိုက်သည်။ သူ့ဘေးကဥက္ကဌရဲ့ခြေဖဝါးမှာလဲ သွေးချင်းချင်းနီလို့။"ဥက္ကဌ "
"ငါ့အနားမကပ်နဲ့!!"
"ဥက္ကဌ ကျတော်ပြောတာနားထောင်ပါအုံး"
"ဟင့်အင်း အနားကပ်မလာနဲ့"
"ဥက္ကဌ ကျတော်ပါ ဂျောင်ကု ဂျွန်ဂျောင်ကုလေ "
"ဂျောင်ကုလား ကောင်လေး... ကိုယ်မသတ်ဘူး ကိုယ့်ကိုအထင်မလွဲပါနဲ့ ကိုယ်သတ်တာမဟုတ်ပါဘူး သူ့ကိုလဲမသေစေချင်ခဲ့ဘူး တကယ်တော့ သေရမဲ့လူကကိုယ်ပဲဖြစ်သင့်တာ ကိုယ်သေလိုက်ရင်ရပြီ ဟုတ်တယ် ငါသေရမယ်"
YOU ARE READING