Part 22

195 27 3
                                    

Unicode

ဥက္ကဌအိပ်ပျော်သွားတာအတော်လေးကြာတော့မှ ဂျောင်ကု အခန်းထဲကထွက်လာခဲ့သည်။ ဧည့်ခန်းထဲမှာ အီသန်ဆိုတဲ့ကောင်လေးရှိမနေတော့။ ဒေါက်တာတစ်ယောက်တည်းသာ ဖုန်းသုံးရင်းစောင့်နေခဲ့သည်။

"ပြန်သွားပြီလား ဒေါက်တာ"

"အင်း ခုနလေးတင်ပဲ ထယ်ဟျောင်းရော ဘယ်လိုနေသေးလဲ"

"အိပ်ပျော်သွားပြီ ဒေါက်တာကပြန်သွားပြီမဟုတ်ဘူးလား ဘယ်လိုလုပ်"

ဒေါက်တာက သက်ပြင်းရှည်ကြီးချကာ စားပွဲပေါ်တင်ထားတဲ့ ကော်ဖီခွက်ကိုအကုန်မော့လိုက်သည်။ ပြီးမှ

"ပြန်တော့မလို့ပဲ အပြင်မှာရစ်သီရစ်သီလုပ်နေတာနဲ့ အခြေအနေသိရအောင် အိမ်ထဲခေါ်လာလိုက်တာ ထင်တဲ့အတိုင်းပဲ အကြံတစ်ခုခုပါလာတယ်"

"သူကဘာပြောလို့လဲ"

"သူ့ကိုယ်သူတော့ ထယ်ဟျောင်းမိဘတွေကဖိအားပေးလို့ ဒီလိုလုပ်လိုက်ရတာဘာညာပေါ့ ဂျောင်ကုရော ဘယ်လိုထင်လဲ"

သူ့အထင်အမြင်ပြောရလောက်အောင် နှစ်ဦးနှစ်ဖက်အပေါ့ သူသိတဲ့အတိုင်းအတာကနည်းလွန်းတယ်။ ပြဿနာတွေအားလုံးကို ဥက္ကဌကိုမေးပြီးအတည်ပြုချင်သေးတယ်။ နောက် ဂန်အီသန်အကြောင်းကိုလဲစုံစမ်းချင်သေးတယ်။

"ကျတော်ဘာမှမပြောတတ်သေးဘူး ကျတော်အပြင်ခဏသွားလိုက်အုံးမယ် ဒေါက်တာ ဥက္ကဌကိုခဏကြည့်ပေးထားပါအုံး"

"ရပါတယ် သွားလေ"

.
.
.

"အစ်ကို အလုပ်မှာမလား ကျတော်လာခဲ့မလို့"

"အရေးကြီးလို့လား ကိုယ်လာခဲ့မယ်လေ"

"ကျတော်လာခဲ့မယ် ခဏနေရောက်မယ်"

ဒီအချိန်မှာအတွေးမိဆုံးက အစ်ကိုဟီးဆောင်းပဲ။ ဘာလုပ်သင့်တယ် ဘာလုပ်ရမယ်ဆိုတာ အစ်ကိုဟီးဆောင်းကတော့ အကြံကောင်းကောင်းပေးနိုင်လိမ့်မယ်။ သူလမ်းတွေပျောက်နေတဲ့အချိန်တိုင်း အနားမှာရှိပေးပြီး အားကိုးရတဲ့တစ်ဦးတည်းသောလူလေ။

သူရောက်သွားတော့  ကုမ္ပဏီအောက်ထပ်အထိဆင်းလာပြီး သူ့ကိုလာကြိုတဲ့အစ်ကိုဟီးဆောင်း။

ငပွေလီ၏ချစ်ခြင်းကဋေကဍာ / ငပွေလီ၏ချစ်ခြင်းကဋေကဍာWhere stories live. Discover now