Unicode
~ဆောင်းရာသီ~ (အတိတ်)
တစ်ကမ္ဘာလုံးရှိအလုပ် သူ့အလုပ်ချည်းသာ ဖြစ်၍ အလုပ်နဲ့အလုပ်သာဖြစ်နေသော လုပ်ငန်းရှင်တစ်ဦးအား တစ်နေရာတွင် ဇာတ်လမ်းဖန်ဖို့ခက်လှပေသည်။ သို့ဖြစ်လေရာ အဲ့ဒီ့လူရှိရာအလုပ်ခွင်ကသာ ကျတော့်ရဲ့ လူပျို့လှည့်ရာအရပ်လေးဖြစ်ခဲ့တော့၏။ ရုံးသွားရုံးပြန် ကားဝင်ကားထွက် တစ်ခါတစ်လေ အတွင်းရေးမှူးဖြစ်သူနဲ့ စကားတပြောပြော၊ တစ်ခါတစ်လေ ခြေလှမ်းကျဲကြီးများဖြင့် ခပ်သွက်သွက်၊ တစ်ခါတစ်လေတော့ တည်ငြိမ်နေသလို ပင်ပန်းနေသလိုပင်။ သတိထားမိပါစေတော့ဆိုသော ဆန္ဒသည် တစ်ခါတစ်လေတော့ပြည့်ပါ၏။ သို့သော်
လုပ်ငန်းခွင်းအတွင်းမို့ ကျတော့်အားတရေးတယူပြု အဖက်မလုပ်ခြင်းသည် အတိုင်းအတာတစ်ခုအထိသာဖြစ်လေသည်။"ဘာလိုချင်လို့ ဒီလိုလုပ်နေတာလဲ"
ကားစတီယာရင်ပေါ်လက်တစ်ဖက်တင်ထားကာ ဘယ်ဘက်လက်က ပြတင်းဘောင်ပေါ် တင်ရုံကလေးမှီထားသည်။ ကြိုတွေးပြီးသားမေးခွန်းအတွက် အဖြေရှိနေသော်လည်း မယောင်မလည်ကလေးလုပ်ချလိုက်သည်။
"ဗျာ ဘာကိုပြောတာလဲဆိုတာ.."
"မင်းကိုပေးလိုက်တဲ့တစ်စက္ကန့်တိုင်းက ငါ့အတွက်အရေးကြီးတယ် မင်းလို ကလေးတွေက မသိလောက်ပေမဲ့ပေါ့"
"ကျတော်က ရွယ်တူတွေထက်ပိုနုနေတာတော့သိပါတယ် ဒါပေမဲ့ ကျတော်ဘွဲ့ရပြီးပါပြီ ကလေးတော့မဟုတ်တော့ဘူး"
"အာ... ဟုတ်သားပဲ ကလေးတွေကသိပ်ဖြူစင်တာ မင်းလိုငပွေတစ်ယောက်ကို ကလေးလို့သုံးလို့မရဘူးပဲ ဆောရီး စကားပြောမှားသွားတယ်"
ရင်ထဲအောင့်ခနဲ။ ကျတော်နဲ့ဆိုရင် အဲ့ဒီလူက လူကြီးလူကောင်းဆိုတဲ့ဂုဏ်ပုဒ်တွေကို ဂရုမစိုက်နိုင်တော့သည်အထိ အမုန်းစွဲကြီးလွန်းသည်။
တိတ်ဆိတ်သွားတဲ့ကျတော့်ကိုကြည့်ပြီး အောင်နိုင်သူအပြုံးမျိုး အဲ့ဒီလူပြုံးတတ်သည်။"ဘာကိုလိုချင်တာလဲ ဘာဖြစ်ချင်လို့ငါ့ကိုလိုက်နှောက်ယှက်နေရတာလဲ ပြော"
"ကျတော်တစ်ခါမှတောင် မနှောက်ယှက်ရသေးပါဘူး"
"မင်း နေ့တိုင်း ငါ့လုပ်ငန်းခွင်နေရာကိုလာပြီး ရစ်သီရစ်သီလုပ်နေတယ်ဆိုတာ ဟိုမှာတွေ့လား CCTV ပိုင်နက်ကျူးလွန်မှု လုပ်ငန်းခွင်နှောက်ယှက်မှု stalker ဘယ်လိုလဲ ဘယ်ခေါင်းစဉ်ကပိုကောင်းတယ်ထင်လဲ"
YOU ARE READING