Unicode
မောင်အလုပ်မလာခင် မနက်ခင်းစောစောဝယ် ရှုပ်မနေသော ရုံးခန်းကျယ်ကြီးအား သန့်ရှင်းရေးပုံမှန်လုပ်ပေးရသည်။ စာရွက်စာတမ်းအချို့ပြန့်နေသော်လည်း နေရာသိပ်မပြောင်းရဲ။ အမှတ်သင်ကေတနဲ့ထားတတ်သည်မို့ နေရာရွှေ့လျင် တစ်စုံတစ်ခုမှားယွင်းသွားမှာစိုးရိမ်ရသည်။ အပေါ်စီးမြင်ကွင်းအား မြင်သာစေသော မှန်ပြတင်းတံခါးတွေကြောင့် အလင်းကောင်းစွာရသော အခန်းကျယ်ကြီးက ပရိဘောဂအနည်းငယ်နဲ့ နေရာတကျသေသပ်စွာရှိနေပြန်သည်။ အလုပ်စားပွဲမှာ နေရတာမွန်းကျပ်လာလျှင် အနားယူနိုင်ရန် ဆိုဖာကျယ်တစ်လုံးနှင့် ဖက်ခေါင်းအုံးအသေးစားလေးတွေကိုပါ ထား ထားသော်လည်း မောင်အနားယူသည်ကို မမြင်ဖူးပါ။ မောင့်အလုပ်စားပွဲနားတွင် အစိမ်းရောင်အရွက်ကြီးအပင်တစ်ပင်ရှိသော်လည်း ဘာအပင်မှန်းကျတော်မသိ။
ရွဲ့စောင်းနေတဲ့ဖိုင်အထပ်လိုက်ကို အစဉ်အတိုင်း ညီအောင်စီနေတုန်း အတွင်းရေးမှူးချွဲက ပန်းတစ်စီးကိုင်လျက် အခန်းထဲဝင်လာသည်။ အတိအကျဆို သိပ်လှသောပန်းရောင်နှင်းဆီပန်းစည်းလေးဖြစ်သည်။"ဂျောင်ကုရေ... ကျတော်အလုပ်ကိစ္စလေးပေါ်လာလို့ ဒီပန်းစည်းလေးယူပြီး လေယာဉ်ကွင်းကိုသွားပေးပါလား ဥက္ကဌကိုအရင်သွားခေါ်ပြီးမှ လေယာဉ်ကွင်းကိုလိုက်ပို့ပေးရမှာ ရတယ်မလား"
"ဟုတ်ကဲ့ ဥက္ကဌအိမ်ကိုသွားခေါ်ရမှာမလား"
"အင်းအင်း ဟုတ်တယ် ရော့ ဒါလေးရောယူသွား"
"ဒီပန်းစည်းက... "
"ဥက္ကဌအတွက်အရေးကြီးတဲ့လူကိုသွားကြိုရမှာမလို့လေ"
"ဪ..."
ပန်းရောင်အပြည့်လွှမ်းသော ပန်းစည်းလေးအား ခပ်ချဉ်ချဉ်ပြုံးပြလိုက်မိသည်။ မောင့်အတွက်အရေးုကြီးတဲ့လူဆိုပဲ။
မောင့်အိမ်ရှေ့ရောက်တော့ အိမ်ရှေ့ကလူခေါ်ဘဲလ်ကိုတီးမနေဘဲ ဖုန်းသာခေါ်လိုက်သည်။
"ကျတော်ရောက်နေပါပြီ ဥက္ကဌ"
"အွန်း အခုထွက်လာပြီ"
ကျတော်လိုက်ချောင်းခဲ့ဖူးသော အိမ်ကြီးတွင်မောင်မနေတော့။ နှစ်ထပ်ဘန်ဂလိုအသေးလေးထဲတွင်ပြောင်းရွေ့ခဲ့သည်ပဲ။ အလုပ်သမားဟူ၍လည်းမတွေ့ရ။ တစ်ကိုယ်တည်းနေနေတာများလား။ ခဏအကြာ ခြံဝန်းတံခါးမကြီးပွင့်လာပြီး မောင့်ကိုတွေ့ရသည်။ မီးခိုးရောင်Suitအပြည့်။ ဒီနေ့မှ သေသပ်လှပသောနဖူးကွင်းအပြည့်အား အသားပေးထားသည့်ဆံပင်ပုံစံကြောင့် ပို၍gentlemanဆန်နေသည်။ နက်ခ်တိုင်မပါသော ရှပ်လက်ရှည်အဖြူသည် ကြယ်သီးတစ်ဆစ်ပြုတ်လျက် ။
YOU ARE READING