part 14

199 32 7
                                    

Unicode

ငြိမ်သက်နေသောမှန်ဘောင်ထဲတွင် သူနဲ့ရုပ်တူသော သူတစ်ဦး၏ပုံရိပ်ရှိနေသည်။ အမွှေးတိုင်ကထွက်လာတဲ့အငွေ့များအကြား အထီးကျန်နေဟန်ရှိလေသည်။
ထယ်ဟျောင်း ထိုဓာတ်ပုံဆီမှအကြည့်လွှဲကာ ခေါင်းငိုက်စိုက်ချလိုက်မိသည်။ မွန်းကျပ်လာမှုတို့က အတိုင်းအဆမသိနိုင်တော့သည်မို့ ခဏလောက်ဖြစ်ဖြစ် ထွက်ပြေးချင်မိသည်။

"ထယ်ယောင်း... တစ်လရှိပြီ မင်းရဲ့တာဝန်တွေကို ငါထမ်းထားရတာ မင်းလဲပင်ပန်းခဲ့တယ်မလား ငါလဲပင်ပန်းတယ် မင်းအစားငါသေသွားလိုက်ရမှာ "

ဆိတ်ငြိမ်လွန်းတဲ့လေထုထဲက အပ်ကွဲနေတဲ့စကားသံတွေ။

"ထယ်ယောင်း မေမေ့ကိုပြောပေးကွာ ငါကမင်းကိုသတ်တာမဟုတ်ဘူးလို့  မေမေအထင်လွဲနေမှာစိုးတယ် သေချာလေးရှင်းပြပေးနော် မဟုတ်ရင် ဖေဖေ့လိုပဲ မေမေ့ငါ့ကိုမုန်းသွားမှာ မင်းသိတယ်မလား ငယ်ငယ်ကတည်း ဖေဖေနဲ့မေမေက ငါ့ထက်မင်းကိုပိုပြီးယုံတာကို မင်းသာရှင်းပြပေးရင် မေမေကယုံမှာပါ "

အကူအကယ်ကင်းမဲ့နေတဲ့ခံစားချက်။ အရာရာဟာထုံထိုင်းထိုင်းမို့ သူ့ကိုယ်သူလဲအားမလိုအားမရဖြစ်မိသည်။ ဖေဖေပြောသလို သူက သိပ်ကိုစိတ်ပျော့လွန်းပါသည်လေ။

>>>

"တစ်လစာနော် ဆေးတွေရောပုံမှန်သောက်ရဲ့လား"

စားပွဲပေါ်ကဆေးအပုံလိုက်က သူ့ကိုသရော်သလို လှောင်နေသလို။

"သောက်ပါတယ်"

"အခုကဘယ်ကပြန်လာတာလဲ"

"ထယ်ယောင်းတစ်လပြည့်လေ အိမ်ကပြန်လာတာ"

လေအဝှေ့ ပြတင်းပေါက်နားကဆည်းလည်းလေးတွေဆီက အသံချိုချိုကလေးပျံ့လွင့်လာသည်။

"အဖေနဲ့တွေ့ခဲ့သေးတယ်မလား ဘာပြောလိုက်သေးလဲ"

"ငါ့ကိုမြင်တာနဲ့ အခန်းထဲဝင်သွားတာ ပြန်တဲ့အထိထွက်မလာဘူး သူပဲခေါ်ပြီးတော့"

"မခေါ်ရင်မသွားတော့ဘူးလား တစ်ခုခုလွဲသွားမှာစိုးလို့ထင်ပါတယ် "

"ဟုတ်မှာပါ"

"မျက်တွင်းတွေကျနေတယ် ရောဂါပြန်ဖြစ်နေတာလား"

ငပွေလီ၏ချစ်ခြင်းကဋေကဍာ / ငပွေလီ၏ချစ်ခြင်းကဋေကဍာWhere stories live. Discover now