Part 12

194 30 2
                                    

Unicode

နဖူးကတစ်ဆင့်ခံစားရတဲ့ ကိုယ်ပူချိန်ပူနွေးနွေး။ မျက်နှာကလေးကလဲရှုံ့မဲ့လို့။ ဒါကြောင့် ခုနကတည်းက မျက်နှာလေးနီနေပါတယ်မှတ်တာ။ ကားအဲကွန်းကိုပိတ်ကာ အပေါ်ထပ်ကုတ်ကို ကောင်လေးရဲ့ကိုယ်ပေါ်ကို လွှားပေးထားလိုက်သည်။

"ဂျောင်ကု မင်းဖျားနေတယ် ဆေးခန်းဝင်ပြပြီးမှ အိမ်ပြန်ကြရအောင်"

"ဟင့်အင်း အိမ်အရင်ပြန်မှာ"

မပီမသထွက်လာတဲ့စကားတွေက ထယ်ဟျောင်းနားထဲရောရောထွေးထွေးမို့ အနားတိုးကာ နောက်တစ်ခေါက်ပြန်မေးတော့

"အိမ်ကိုပြန်ပါမယ်ဆို အင့်..."

ကောင်လေးထံမှထွက်လာသော ငိုတော့မယောင် 'အင့်..' ဟူသောအသံသည် သူ့နားတစ်စုံကိုပူထူလာစေသည်။
ကိုယ်ကိုဆတ်ခနဲမတ်လိုက်မိကာ သူတောင်သတိမထားမိပဲ ကောင်လေးဆီကအနည်းငယ်ခွာလိုက်မိသည်။

"အဟမ်း မဟုတ် မဟုတ်ဘူးလေ ဆေးခန်းအရင်ပြပြီးမှ အိမ်ပြန်လို့ဖြစ်မှာပေါ့ မဟုတ်ရင်အိမ်ကျမှဆိုရင် မင်း"

တစ်ယောက်တည်းပြေညချင်ပြောမိနေပြီးမှ
ကောင်လေးကိုလှမ်းကြည့်တော့ ဟိုဖက်ကိုလှည့်ကာ ကွေးကွေးလေးပြန်မှေးနေရှာလေတာနဲ့ ဆက်ပြောမနေတော့ပဲ ကားစထွက်လိုက်တော့သည်။
တစ်လျှောက်လုံး မျက်နှာလေးရှုံ့တွလို့ လိုက်ပါလာတဲ့ကောင်လေးကိုကြည့်ကာ ဘေးကမှန်နဲ့ဆောင့်မိမှာကိုလဲ စိုးရိမ်ရသေးသည်။ လမ်းမှာဆေးဝင်ဝယ်ရင်းခဏနားတော့ ကောင်လေးဆီက အိမ်လိပ်စာကိုမေးလိုက်ရသည်။ တိုးလျလျဖြေသံကို အာရုံစိုက်ပြီးနားထောင်ရသည်။ မဟုတ်ပါက အလိုမကျလို့ ငိုတော့မလိုပြုတတ်သေးသည်လေ။
ကောင်လေးရဲ့အိမ်ကြီးသည် သူ့မိဘများအိမ်လို ကြွေပြားတွေချည်းစီခင်းထားသည်ထက်တော့ မြက်ခင်းစိမ်တွေက ပိုကြည့်ကောင်းသည်။ အလှမီးတိုင်သေးသေးလေးတွေအစီအရီကလဲ ကြည့်ကောင်းလှသည်။ အိမ်ကြီးစင်ဝင်အောက်ရောက်တော့ ကောင်လေးရဲ့အဒေါ်က ထွက်လာသည်။

"မင်ဂလာပါ ဒေါ်လေး ဂျောင်ကုတော်တော်လေးနေမကောင်းဖြစ်နေလို့ ကျတော်လိုက်ပို့ပေးတာပါ"

ငပွေလီ၏ချစ်ခြင်းကဋေကဍာ / ငပွေလီ၏ချစ်ခြင်းကဋေကဍာWhere stories live. Discover now