Part 16

204 31 3
                                    

Unicode

အမူးသမားလေးကို ဆက်မသောက်ဖို့အတော်လေးဖြောင်းဖျလိုက်ရသည်။ ဒါတောင် အိမ်မပြန်ဘူးချည်းဇွတ်ပြောနေတာမို့ စိတ်ချမ်းသာအောင် ထယ်ဟျောင်းတစ်ယောက်တည်းနေတဲ့ ကွန်ဒိုလေးကိုခေါ်လာရတော့သည်။

"လွှတ်စမ်းပါ မမူးပါဘူးဆို ဪ"

လွှတ်ချလိုက်ရင် ဒူးထောက်ပြီးသွားရတော့မဲ့ အမူးသမားထဲကထွက်လာတဲ့စကားပါတဲ့။

"ဂျောင်ကု သတိထားအုံးလေ "

"ဘာကိုသတိထား မမူးပါဘူးဆိုဗျာ ငါ့ကိုလိုက်ကိုင်နေတာဘယ်သူလဲ ပြော အကိုလား"

"ဘယ်အကိုလဲ"

"အကိုဟီးဆောင်း"

"မဟုတ်ဘူး"

မူးနေတဲ့အချိန်မှာတောင် ဟီးဆောင်းဆိုသောလူကိုသတိတရရှိနေသေးသည်။ မနာလိုစရာပဲ။

ကုတင်ပေါ်တင်ပေးလိုက်တော့လဲ ဘိုင်းခနဲပစ်လှဲသည်။ မျက်လုံးတွေတောင်မပွင့်တော့သည်အထိ သောက်ရသည့်တရားခံမှာသူပါတဲ့။ စိတ်ထဲမှာတော့ရှိသေးတာပဲ။ အဆိုးထဲကအကောင်းပေါ့။

"မောင်..."

အမူးသမားလေးထံမှ ခပ်တိုးတိုးရေရွတ်သံ။

"ဟမ် ဘာပြောတာလဲ ဘာလိုချင်လို့လဲ"

"မောင်..."

ဗလုံးဗထွးမို့ ထယ်ဟျောင်းနားမလည်။ အမူးသမားလေးထံ ပိုပြီးနီးအောင်တိုးကပ်မိခါမှ ကောင်လေးဆီကကြားရသည်မှာ

"မောင်... ဘယ်မှာလဲ"

အချိန်တွေရပ်တန့်ကုန်သည်ထင်မိ၏။ နားထဲစီခနဲဖြစ်ကာ နှလုံးသားကဖျင်းခနဲကျင်သွားသည်။ မောင်... တဲ့လား။ ကင်မ်ထယ်ယောင်းကိုခေါ်တဲ့နာမ်စားက မောင် တဲ့လား။ ခံပြင်းလွန်းစွာ ထွက်သွားဖို့တွေးလိုက်မိသည်။ သို့သော်...

"မောင်... အဟင်း မောင်ရေ"

နောက်ကျောဖက်ဆီမှသိုင်းဖက်ထားသော လက်တစ်စုံအား သူလွှတ်ချလိုက်သင့်လား။ ဆက်ပဲဖမ်းဆွဲထားရမလား။

"ဘယ်သွားမလို့လဲဟင်...  ထွက်သွားမလို့လား ကျတော့်ဆီကနေလေ ဟိုးအဝေးကြီးကို ထပ်ပြီးထွက်သွားတော့မလို့လား"

ငပွေလီ၏ချစ်ခြင်းကဋေကဍာ / ငပွေလီ၏ချစ်ခြင်းကဋေကဍာWhere stories live. Discover now