Unicode
အတွင်းရေးမှူးချွဲကိုယ်စား ဥက္ကဌနဲ့အတူတက်ရောက်ပေးရသည့် လုပ်ငန်းရှင်များ၏ ဂုဏ်ချင်းပြိုင်ပွဲ။ အမျိုးသမီးတစ်ယောက် အမိမြေကိုပြန်လာလို့ ဂုဏ်ပြုတဲ့ပွဲထက် ဒီလိုခေါ်လိုက်တာကပိုမှန်မယ်ထင်ပါသည်။ ဒေါ်လေးခေါ်စဉ်တုန်းက ဒီလိုအပေါ်ယံပွဲတွေကို အကြိမ်ကြိမ်ငြင်းခဲ့ဖူးသည်။ လူများတာ ပျော်ပါးတာ ကျတော်အကြိုက်ဆိုပေမဲ့ လူကုန်ထံတွေရဲ့ ဂုဏ်ပွဲတွေတော့မပါ။ သိပ်ပျင်းဖို့ကောင်းတာပဲလေ။
"မင်ဂလာပါ ဥက္ကဌကင်မ်"
"မင်ဂလာပါဗျ"
ပွဲကိုရောက်လာပြီးနောက် ဥက္ကဌကင်မ်ကိုနှုတ်ဆက်ကြတဲ့ သူတွေထဲ သည်တစ်ခါနှူတ်ဆက်သူကတော့ ကျက်သရေအတုံးဆုံးဖြစ်လိမ့်မည်ထင်သည်။
"ဪ... ဒါဘယ်သူများလဲ"
ကျတော့်ထံဝေ့ဝဲလာတဲ့ အကြည့်တွေကို ဥက္ကဌကင်မ်ကတော့ ရိုးရှင်းစွာပင်ပြန်ဖြေပေးနေသည်။
"ကျတော့်ရဲ့ လက်ထောက်အတွင်းရေးမှူးသစ် ဂျွန်ဂျောင်ကုလို့ခေါ်ပါတယ်"
"အဟင်း... ဥက္ကဌကင်မ်က တကယ်ရိုးရှင်းတာပဲ ဒီလူငယ်လေးက ဥက္ကဌကင်မ်ရဲ့လက်ထောက်တင်ဘယ်ဟုတ်မလဲ ကျတော့်ရဲ့ တူလို့ပြောလဲရတာပဲ ဟုတ်တယ်မလား ဂျောင်ကု"
သောက်ကျိုးနည်းကို ဂျွန်ဆယ်ဂယောင်းအမျိုးတွေက ကျက်သရေတုံးလှသည်။ နားမလည်ဟန် ကျတော့်ကိုကြည့်နေသည့် ဥက္ကဌကင်မ်ကို ရှေ့ထားလို့ ကျတော်ကသဘောကောင်းပေးမယ်လို့ တွေးထားတယ်ထင်ပါရဲ့။ နှမြောစရာ။
" ဟင့်အင်း ကျတော်ကတော့မတော်ချင်ပါဘူး အားယိုး... ဝိုင်ကလဲ အရသာဆိုးလိုက်တာ အရောင်လေးကမဆိုသလောက်လှရက်သားနဲ့ ရင်းမြစ်ကကိုမကောင်းတာများလား"
ကွက်ကနဲပျက်သွားတဲ့မျက်နှာကို မဲ့ပြုံးတစ်ခုနဲ့ပြုပြင်လို့ ဥက္ကဌကင်မ်ကိုနှူတ်ဆက်ကာ ထွက်သွားသည်။
ဥက္ကဌကင်မ်ကိုကြည့်လိုက်တော့ ခပ်ပါးပါးအပြုံးတစ်ခုနဲ့။"အားနာလိုက်တာ ဟို... ကျတော့်အမျိုးပါ မတော်ချင်တဲ့အမျိုးပေါ့"
YOU ARE READING