Unicode
Laptopထက်က ဂန်အီသန်ရဲ့ ပုံရိပ်နဲ့ အကြောင်းအရာများစွာ။ ဂျောင်ကု စူးစမ်းနေတုန်း အစ်ကိုဟီးဆောင်းက Laptopကိုယူသွားသည်။ ဘာလို့လဲဆိုတဲ့အကြည့်နဲ့ ကြည့်လိုက်တော့ ရှေ့က မုန့်တွေကိုမေးဆတ်ပြကာ
"ပင်ပန်းနေမှာပေါ့ မုန့်စားရင်းနားထောင် ကိုယ်ပြောပြမယ် အကုန်"
"အလိုက်သိလွန်းတယ်အစ်ကို ဒါမျိုးတွေမကြိုက်ဘူးနော်"
အငေါ်တူးသည့်စကားကို အစ်ကိုဟီးဆောင်းက ပြုံးရုံသာပြုံးရင်း မုန့်ပန်းကန်တွေကို ဂျောင်ကုရှေ့ ထိုးပေးနေသည်။
"ဒါတွေအားလုံးက သူ့ရဲ့အလုပ်အကိုင် လိပ်စာနဲ့ သူတက်ခဲ့တဲ့ကျောင်းကိစ္စတွေ မင်းစိတ်ဝင်စားမှာမဟုတ်ဘူး"
"ကျတော်စိတ်ဝင်စားပါတယ်..."
အပိုတွေပါ။ သူသိပါတယ်ဆိုတဲ့အဓိပ္ပါယ်ကြီးနဲ့ အစ်ကိုဟီးဆောင်းကို ခပ်မဲ့မဲ့ကလေးပြုံးပြန်ပါသည်။ သိပ်ခက်တဲ့လူ။ အရိပ်အကဲခတ်လဲ မြန်နေရောပဲ။
"ဂန်အီသန်ဆိုတဲ့ကောင်လေးက ကင်မ်ထယ်ဟျောင်းနဲ့မတွဲခဲ့အထိ ဘာအရှုပ်အရှင်းမှမရှိခဲ့ဖူးဘူး သူ့ကိုလဲတကယ်ချစ်တဲ့ပုံပါပဲ
ကိုယ့်အထင်တော့ ကင်မ်ထယ်ဟျောင်းအကြောင်းတွေသိပြီးတော့မှ သူပြောင်းလဲသွားတာလို့ ထင်တယ် ဘာလို့ဆို မင်းစဉ်းစားကြည့်လေ ကင်မ်ထယ်ဟျောင်းက သူ့ကိုတကယ်စိတ်နှစ်ပြီးချစ်ခဲ့လို့ ဒီရောဂါရလာတာလို့ မင်းပြောဖူးတယ်မလား""အင်း... ဆိုပါတော့ အဲ့တော့ဆက်ပြောပါအုံး အစ်ကိုကဘယ်လိုထင်လို့လဲ"
"ဖြစ်နိုင်တာက ကင်မ်ထယ်ဟျောင်းက သူ့အကြောင်း အူမချေးခါးမကျန်အကုန်ထုတ်ပြောလိုက်လို့ ဂန်အီသန်က စိတ်ပြောင်းသွားခဲ့တာဖြစ်လိမ့်မယ်"
"ဘယ်လိုမျိုးလဲ"
"မင်းစဉ်းစားကြည့်ကွာ တစ်ထပ်တည်းတူတဲ့လူနှစ်ယောက်မှာ အပြစ်အနာအဆာတွေလဲရှိတဲ့မထင်ရှားတဲ့လူနဲ့ လူသိရှင်ကြားအပြစ်အနာအဆာကင်းတဲ့လူ နှလုံးသားသာမပါဘူးဆိုရင် သေချာပေါက် ကင်မ်ထယ်ဟျောင်းကအပယ်ခံပဲ ကံဆိုးတာက ဂန်အီသန်က နှလုံးသားမပါပဲရွေးသွားတယ်လေ ဆိုတော့... ကိုယ်ပြောတာနားလည်လား"
YOU ARE READING