Part 15

185 30 1
                                    

Unicode

အိပ်မက်လိုလို လက်တွေ့လိုလို ထယ်ဟျောင်းအရှေ့မှာ တည်ရှိနေခဲ့တဲ့မျက်နှာကြည်ကြည်လေး။ ပါးတစ်ဖက်ကိုဖိအိပ်ထားတာမှာ ဆူထွက်နေတဲ့နှုတ်ခမ်းရဲရဲကလေး။ မျက်ခုံးထူထူကလေးတွေ။ သူထိတွေ့လို့ရပါ့မလား။ အချိန်တန်ရင်ပျောက်ကွယ်သွားမဲ့သူတစ်ဦးကို သူ့မှာဆွဲထားပိုင်ခွင့်ရှိပါ့မလား ။ သူ့အပေါ်ခံစားချက်တွေဖြစ်တည်မလာနိုင်တဲ့လူတစ်ဦးကိုလေ။ ခက်ခဲမဲ့အနာဂတ်မှာ နှစ်ဦးနှစ်ဖက်စိတ်တူကိုယ်တူဆို ဘယ်လောက်ပဲခက်ခဲပါစေလေ။ ဘယ်လောက်ပဲညတာရှည်ပါစေပေါ့။ တစ်ယောက်တည်းအားဆိုရင်တော့ သူ့မှာဘယ်သတ္တိရှိပါ့မလဲ။ ဒီကောင်လေးကိုဆွဲထားလို့ မဖြစ်နိုင်ပါဘူး။

ဆိုဖာပေါ်လှဲနေရာမှ ထထိုင်ပြီး ချောင်းတစ်ချက်ဟန့်လိုက်သည်။ သို့သော် ထိုကောင်လေးနိုးမလာပါ။ ပခုံးကိုလက်နဲ့တွန်းပြီးနှိုးလိုက်မှ အိပ်တစ်ဝက်နိုးတစ်ဝက်မျက်လုံးတွေနဲ့ ထလာသည်။ အလုပ်မှာလဲ ကောင်းကောင်းအိပ်ပျော်သေးတယ် ဒီကောင်လေး။

"မင်းကို ငါ့ရုံးခန်းထဲဝင်ခိုင်းထားလို့လား"

"ဗျာ"

ထိုင်နေရာက ဆတ်ခနဲကအထ ပြိုကျသွားတဲ့ကိုယ်လေး။ အနာတရမဖြစ်စေဖို့ဆွဲထိန်းရာက သူ့ပေါင်ပေါ်ပြုတ်ကျလာသည်။ အလန့်တကြားဖြစ်နေဟန်မျက်လုံးလေးတွေပြူးကျယ်လို့ နှူတ်ခမ်းလေးကလဲ ဟ နေသေးသည်။

"ဘာဖြစ်တာလဲ ခြေထောက်က "

"ဗျာ ဟို... ခြေထောက်ကျဉ်နေလို့"

"ဥက္ကဌ"

တစ်လက်လက်တောက်ပနေတဲ့ကြယ်စုလေးတွေညှို့ယူထားပုံများ ပတ်ဝန်းကျင်ကိုတောင်မေ့လို့။ အတွင်းရေးမှူးချွဲရဲ့ ဥက္ကဌ ဟူသော ခေါ်သံကြားမှ နှစ်ယောက်သားရုန်းရင်းဆန်ခတ်ဖြစ်ကုန်ရသည်။ ခြေကျင်လျက်အတင်းထနေလို့ ယိုင်သွားတဲ့ကိုယ်လေးအား ဖမ်းမိတော့မလို့ဖြစ်နေတဲ့ ကိုယ့်လက်တွေကိုလေထဲမှာပဲရပ်ဖို့သတိပေးကာ အိပ်ကပ်ထဲပြန်ထားထားရသည်။

"ဥက္ကဌရောက်တာကြာပြီလား ကျတော်ဝင်လာတာမမြင်လိုက်လို့"

ဘာမှမမြင်ခဲ့မတွေ့ခဲ့သလိုစကားစလာတဲ့ အတွင်းရေးမှူးချွဲက အတော်လေးကျေးဇူးတင်စရာကောင်းသည်။ မဟုတ်ရင် ယုန်ဖြူလေးကနေ အနီးလုံးလေးသို့ပြောင်းတော့မည်ထင်သည်။

ငပွေလီ၏ချစ်ခြင်းကဋေကဍာ / ငပွေလီ၏ချစ်ခြင်းကဋေကဍာWhere stories live. Discover now