Part 11

254 29 3
                                    

Unicode

"အတွင်းရေးမှူးချွဲ ဥက္ကဌက ဒီနေ့အလုပ်မလာဘူးလား"

"ဆိုပါတော့ နေ့လယ်လောက်လာမယ်လို့တော့ပြောပေမဲ့ အဲ့တာလဲမသေချာဘူး"

အတွင်းရေးမှူးချွဲရဲ့စကားအရဆိုလျှင် ဥက္ကဌဒီနေ့အလုပ်လာဖြစ်မည်မဟုတ်။
မောင်မဟုတ်သော ဥက္ကဌအပေါ် မောင်နဲ့မတူညီသော ခံစားချက်လေးသီးသန့်ရှိသည်။ ဟုတ်ပါသည်။ မောင်မဟုတ်သော ဥက္ကဌပါ။ တူသလိုလိုထင်ရပေမဲ့မတူညီတဲ့အစိတ်အပိုင်းတွေမှာ ဥက္ကဌရဲ့ မှဲ့လေးတွေပါသည်။ မောင့်နှူတ်ခမ်းဘေးမှာမှဲ့မရှိပါ။ မောင့်ထံတွင် ဥက္ကဌကဲ့သို့ မျက်ဝန်းညှိုမှိုင်းမှိုင်းများလဲမရှိပေ။ ညှို့ဓာတ်ပြင်းသောမျက်ဆံနက်တို့သာ အချိန်ပြည့်ကြီးစိုးနေတတ်သည်။ ဒါ့အပြင် ဥက္ကဌတွင် မောင့်ထံ၌မရှိသော စိုးရိမ်ပူပန်မှုတစ်ချို့ကိုလဲ တွေ့ရတတ်သေးသည်။ မောင်နဲ့မတူသော ခံစားချက်ဆိုတာ ဥက္ကဌနှင့်ရင်းနှီးလိုသည်။ အကိုဟီးဆောင်းနှင့်ရင်းနှီးသလို ရင်းနှီးချင်မိသည်။ အကြောင်းပြချက်မရှိမဟုတ် ရှိပါသည်။ ဥက္ကဌရဲ့မျက်ဝန်းမှိုင်းတွေကို ဒီထပ်ပို၍နက်ရှိုင်းစွာရှာဖွေချင်မိသည်။ နောက်တစ်ခုက မောင် ဘယ်ရောက်နေသလဲ။

#ဆောင်းရာသီမှနွေ၏အရိပ်အယောင်...

မလှမ်းမကမ်းကဖေးဆိုင်လေးထဲတွင် အေးအေးလူလူထိုင်နေသော မောင်ရှိသည်။ ကျတော်ကတော့ ဖောက်ထွင်းမြင်နေရသော မှန်နောက်တွင် မောင့်ကိုထိုင်ကာငေးနေခဲ့သည်။ ထိုကဲ့သို့သော နေ့မျိုးလဲရှိပါသည်။ ကျတော့်ကိုတွေ့လိုက်ရင် မောင်အနှောက်အယှက်ဖြစ်သွားမှာပဲဆိုတဲ့စိတ်နဲ့ အဝေးကပဲထိုင်ငေးမိတဲ့နေ့တွေ။ စနေနေ့တိုင်း မောင်လာတတ်တဲ့ကဖေးဆိုင်လေးက ချောင်ကျလို့ လူလဲအတော်ရှင်းသည်။ နားကြပ်လေးတပ်ကာ ရုပ်ရှင်ကြည့်ပြီး ပေါ့ပေါ့ပါးပါးရယ်နေခဲ့သော မောင့်ပုံရိပ်တို့ ကျတော့်ဖုန်းထဲမှာနေရာအပြည့်။ ဘယ်ရှုထောင့်ကကြည့်ကြည့် မရိုးနိုင်ရသော မောင့်ပါရမီကလဲ သြချစရာပင်။ ထိုစဉ်က ကျတော်တွေးမိခဲ့သေးသည်။ မောင့်ထံတွင် အများကိုချမပြထားသော ပုံရိပ်တစ်ခုရှိနေပါလားဟူ၍။ အမှန်မှာတော့ ထိုပုံရိပ်သည် မောင်မဟုတ်ကြောင်း နွေဦး၌ပင် အရူးရင့်စွာသိရလေသည်။

ငပွေလီ၏ချစ်ခြင်းကဋေကဍာ / ငပွေလီ၏ချစ်ခြင်းကဋေကဍာWhere stories live. Discover now