Unicode
မငိုပါနဲ့ ဂျောင်ကုရယ်။ မင်းနာကျင်နေမယ်မှန်းသိပေမဲ့ မငိုပါနဲ့။ မင်းပျော်ဖို့ကိုယ်အများကြီးရင်းနိုင်တယ်။ မင်းငိုဖို့အတွက်တော့ ကိုယ်မရင်းချင်ဘူးလေ။
"လူမဆန်တဲ့လူ မိဘတစ်ယောက်လုပ်နေပြီး ကိုယ့်သားသမီးကို ဒီလောက်အထိ... စီးပွားရေးဆန်ဆန်အသုံးချနေပြီး သေသွားတဲ့လူကိုဘယ်လိုများမျက်နှာပြမလို့လဲ"
ဒေါသထွက်လေ မျက်ရည်ကကျလာလေ။ မျက်ရည်ကျလာလေ ပိုစိတ်ရှုပ်ပြီး ပိုပြီးဒေါသထွက်လေ။ ဂျွန်ဆယ်ဂယောင်းကိုပဲဆိုးလှပြီမှတ်နေတာ။ ဒီလူ့ကိုတော့ ဘယ်မှီပါ့မလဲ။
ပါးပြင်ပေါ်ကျနေတဲ့ မျက်ရည်တွေကို စိတ်လိုလက်ရခပ်မြန်မြန်ဆွဲသုတ်လိုက်ပြီး အစ်ကိုဟီးဆောင်းကိုမော့ကြည့်လိုက်တော့ ပြိုတော့မလိုမျက်နှာလေးနဲ့ကြည့်နေတာကိုတွေ့ရပြန်တော့လဲ စိတ်မကောင်း။ အစ်ကိုဟီးဆောင်းကို အလူပ်ရှုပ်စေမိပြီ။"အစ်ကို စိတ်ရှုပ်နေမှာပဲ ကျတော်"
သူ့စကားမဆုံးခင် ထိုင်ခုံမှထလာကာ သူ့ကိုပွေ့ဖက်လိုက်တော့ သူ့မှာဘယ်လိုတုံ့ပြန်ရမှန်းမသိ။
"မဟုတ်ဘူး ကိုယ်စိတ်ရှုပ်တာမဟုတ်ဘူး မင်းငိုနေတာမမြင်ချင်လို့ မငိုပါနဲ့ ကိုယ်ဘာလုပ်ပေးရမလဲ မင်းမငိုအောင်ကိုယ်ဘာလုပ်ပေးရမလဲပဲပြော ငိုတော့မငိုပါနဲ့"
မငိုပါနဲ့ပြောကာမှ လူကဝမ်းနည်းလာသည်။ ဒီလူအချစ်တွေက သူနဲ့နည်းနည်းလေးတောင်းမတန်ပါဘူး။ အခွင့်အရေးပဲယူတတ်တဲ့ဒီကောင်က ခင်ဗျားနဲ့မတန်ပါဘူးအစ်ကိုရာ။
"ကျတော်မငိုတော့ဘူး ဘာမှလဲမလုပ်ပေးနဲ့ ကျတော်မငိုတော့ဘူး"
"ဟင်!"
အလန့်တကြားနောက်ဆုတ်သွားတဲ့ အစ်ကိုဟီးဆောင်းက သူ့ကိုအထိတ်တလန့်ကြည့်နေခဲ့သည်။
"မဟုတ်တာတွေမလုပ်နဲ့ ဂျွန်ဂျောင်ကု! လူသတ်မယ်ဆိုရင်တောင် ငါပဲသတ်မယ် ငါပဲထောင်ထဲဝင်မယ် မင်းကတော့မလုပ်ရဘူး မင်းဘာတွေတွေးနေတာလဲ ငါသိတယ်နော်"
သူ့အတွေးတွေကို ဒီလောက်ထိသိနေဖို့တော့မကောင်း။ ဟုတ်တယ်။ အစ်ကို့ကိုမပြောပဲ ကိုယ့်ဘာသာလုပ်ရှားတော့မှာ။ အားလုံးကိုတန်ရာတန်ရာပြန်ပေးရမယ်လေ။
YOU ARE READING