Unicode
"ခြံထဲဆင်းရအောင် လာ..."
နောက်ဆီမှ ဝှီးလ်ချဲလက်ကိုင်တွန်းလျက် ပါလာသောကောင်လေးက လတ်တလောတော့ သူ့ကိုယ်ပိုင် သူနာပြုကလေးပင်။ မြေမထိရေမထိမွေးလာမှန်းသိသာအောင် သူနာပြုပေါက်စကလေးသည် သူ့နောက်ကွယ်တွင် အလွဲလွဲအချော်ချော်ဖြင့်။ ဒါကိုလဲ ထယ်ဟျောင်းမှာမသိချင်ယောင်ဆောင်ပေးထားရသည်။ တော်ကြာ ငြိုငြင်နေမှာစိုးရတယ်လေ။ ဂျီမင်းဝယ်လာပေးတဲ့စားစရာတွေ အေးကုန်လို့ စေတနာတွေပို ပြန်နွေးပေးမယ်ဆိုလို့ သူမျှော်လင်မိပါတယ်။ နှစ်နာရီသုံးနာရီလောက်ကြာရော။ နောက်တော့သူ့ရှေ့ရောက်လာတာ ပူပူနွေးနွေးဟင်းလျာတွေ။ အဲ့မတိုင်ခင်က မီးဖိုခန်းထဲကညှော်နံ့တွေထွက်လာသေးတာကိုတော့ သူမသိချင်ယောင်ဆောင်ပေးလိုက်ပါတယ်။ ဆိုင်ကပြန်ဝယ်လာတဲ့ဟင်းတွေကို အဆင်ပြေလားမေးတော့ ကိုယ့်မှာမဆိုးပါဘူးလို့ ပြန်ဖြေပေးရသေးတယ်။
"ခင်ဗျားခြံကလဲ ဘာမှလဲမရှိဘူး"
ငြူဆူဆူလေးပြောတဲ့စကားကြောင့် ထယ်ဟျောင်းအသံထွက်ပြီးရယ်မိတော့မလို့။ ဟုတ်တော့လဲ ဟုတ်ပါသည်။ မြက်ပင်ကျိုးတို့ကျဲတဲနဲ့ အပင်ကြီးမျိုး နှစ်ပင်လောက်သာရှိသည့် သူ့ခြံဝန်းက မျက်စိပသာဒဖြစ်စရာမရှိ။
"ဒီအိမ်ကအဖြစ်ပဲဝယ်ခဲ့တာ အိမ်မှာမနေချင်လို့"
"ဪ ကျတော်လဲဒေါ်လေးကို တစ်ယောက်တည်းနေဖို့ပြောဖူးတယ် ငြင်းမနိုင်လို့မရခဲ့ဘူး"
"ဟုတ်လို့လား ဒေါ်လေးနဲ့ပဲနေချင်တာမဟုတ်ဘူးလား"
"ကျတော့်အကြောင်းသိသလိုလုပ်မနေပါနဲ့ ရယ်စရာမကောင်းဘူး"
"ဟော... ဟားဟား ကိုယ်က ဘယ်မှာသိချင်ယောင်ဆောင်နေလို့လဲ"
"ဥက္ကဌက ပေါ်တင်ကြီးလိမ်နေတယ် "
"ဟောဗျာ..."
ကောင်လေးကိုစလို့ကောင်းနေတုန်း ခြံရှေ့မှ လူခေါ်ဘဲလ်သံထွက်ပေါ်လာသည်။ ကောင်လေးက သွားကြည့်လိုက်အုံးမယ်ဟုဆိုကာ သုတ်သုတ်ကလေးထွက်သွားပြီးမှ ခဏအကြာမျက်နှာထားတည်တည်ဖြင့် ပြန်ရောက်လာသည်။
YOU ARE READING