Unicode
Laptop screenထက်က မှတ်တမ်းအတိုလေးပြီးသွားသည့်အခါ ထယ်ဟျောင်း မှန်၏မှား၏ လွန်ဆွဲစရာတွေဖြစ်လာသည်။ သူ့ကြောင့်မဟုတ်ခဲ့တာအတွက် အားနာစိတ်လျော့သွားခဲ့ပေမဲ့ ထယ်ယောင်းကို ဘယ်သူသတ်တာဖြစ်မလဲ။
ကားတံခါးကိုလျှောလိုက်တဲ့အချိန်ကို ကောင်လေးကို Zoomဆွဲယူကာ တစ်စုံတစ်ခါကိုပြသည်။"သူ့လည်ပင်းကတက်တူးကို မြင်ဖူးတာမျိုးရှိလားဥက္ကဌ"
"မြင်ဖူးတော့ရော ဘာလုပ်မှာလဲ"
ဒေါက်တာ့စကားက တစ်ဝက်တော့မှန်ပါသည်။
"ဒီလူကိုရင်းနှီးတယ်ဆိုရင် ကင်မ်ထယ်ယောင်းဘာလို့အသတ်ခံရတာလဲဆိုတာကို သိနိုင်လောက်မလားလို့ ကျတော်တွေးမိလို့ပါ"
ဒေါက်တာက သူ့အတွေးကိုလက်ခံသွားသည့်အတွက် ဥက္ကဌကိုလမ်းကြည့်သည်။
"မသိဘူး တစ်ခါမှမမြင်ဖူးဘူး"
သေချာနေပါပြီ။ ဒါက ကြေစားတွေပဲ။ တရားခွင်နဲ့ညှိမရမှတော့ တရားပြင်ကနေညှိကြည့်ရမှာပေါ့။
ဥက္ကဌကိုအခန်းထဲပို့ပြီးတဲ့နောက် ဒေါက်တာက သူ့ကိုမေးခွန်းတစ်ချို့မေးလာသည်။ အစ်ကိုဟီးဆောင်းနဲ့ ခပ်ဆင်ဆင်တူတဲ့မေးခွန်းတွေပါပဲ။
"မင်းဘာလို့ထယ်ဟျောင်းကို ကူညီပေးနေတာလဲ"
"ကျတော် ချစ်ရတဲ့အမျိုးသားကြောင့်ပါ"
"သေချာရဲ့လား"
"ဒေါက်တာ ဘာလို့သံသယဖြစ်နေတာလဲကျတော်စဉ်းစားလို့မရဘူး"
ဒေါက်တာကသူ့စကားကိုလက်ခံဟန် ခေါင်းတစ်ချက်ချင်းငြိမ့်ကာ
"ငါလက်ခံတယ် ငါမင်းကိုသံသယဝင်နေပြီ လူတစ်ယောက်ကိုချစ်နေရာက တခြားလူတစ်ယောက်ကိုပြောင်းချစ်နိုင်သလားလို့ ငါ့ကိုမေးလာရင် ငါကတော့မဖြစ်နိုင်ဘူးလို့ဖြေမယ် ဒါပေမဲ့ မင်းဆိုရင်တော့ဖြစ်နိုင်တယ် "
"ဘာစကားလဲဒေါက်တာ..."
"ငါလဲမသိတော့ဘူး မင်းလဲကိုယ့်ဘာသာတွေးကြည့်ပေါ့"
>>>
ဒီညတော့ဘာမှမတွေးချင်။ ဆိူဂျူသောက်မယ်။ မူးမယ်။ အိပ်မယ်။ တားဂတ်အသေးလေးတွေကပျော်စရာကောင်းသည်။ တားဂတ်အကြီးကြီးတွေကတော့ ထင်သလောက်ပျော်စရာမကောင်းပေ။ ဂန်အီသန်...ဂန်အီသန်။ ဘယ်လိုလုပ်မှ ငါ့ဘဝကတည့်လာမှာလဲ။ ကားတံခါးဖွင့်ပြီး ထိုင်လိုက်တယ်ဆိုရုံရှိသေး နောက်ကားတံခါးပါပွင့်ပြီး လှစ်ခနဲဝင်လာတဲ့ လူတစ်ယောက်။
YOU ARE READING