Part 20

180 29 6
                                    

Unicode

"ခင်ဗျားသတိရလာပြီလား"

ကုတင်ပေါ်မှာလှဲရက်သားကနေ ထဖို့ကြိုးစားနေတဲ့လူကို ကူပေးပြီး သက်တောင့်သက်သာရှိအောင် ကျော်ဘက်ကိုခေါင်းအုံးခုထားပေးလိုက်သည်။ ပါးတီးအဖွေးသားဖြစ်နေတဲ့ ခြေထောက်တွေကိုနားမလည်သလိုကြည့်နေတာကြောင့်

"မနေ့ညက ဟိုအပေါ်ကဓာတ်ပုံကျကွဲပြီး ခြေထောက်ကိုစိုက်ကုန်တာ နည်းနည်းများလို့ ဥက္ကဌသွားရလွယ်အောင် အတွင်းရေးမှူးချွဲက ဝှီးလ်ချဲထားပေးသွားတယ်"

အချိန်ပြည့်အထီးကျန်နေတတ်တဲ့မျက်ဝန်းတွေကို သူတစ်ဖြည်းဖြည်းခံစားတတ်လာခဲ့ပြီ။ သူ့အရှေ့ကထိုလူကို သူနားလည်စပြုလာပြီ။

"ကျေးဇူးပဲ ဂျောင်ကု... "

"ကျတော် အလုပ်ထွက်တော့မယ်"

"ဟမ်! ဘာဖြစ်လို့လဲ ကိုယ်တစ်ခုခုများအမှားလုပ်မိလို့လား"

ဥက္ကဌရဲ့မျက်ဝန်းတွေက လူတစ်ယောက်အလွယ်တကူလှည့်စားလို့ရအောင်ကို တကယ်အကြည်လေး။ မောင်သာဆိုရင် ဘယ်တော့မှခံစားချက်တွေကို ထုတ်ပြမှာမဟုတ်ဘူး။ ဘုရား။ အခုတလော မောင်နဲ့ဥက္ကဌကို ခဏခဏကိုယှဉ်ပြီးတွေးမိနေတာပဲ။ အဲ့လိုမဖြစ်သင့်တာကို။

"အဲ့လိုမဟုတ်ပါဘူး အမှန်တိုင်းပြောရရင် ကျတော် အလုပ်ဝင်တယ်ဆိုတာက လူတစ်ယောက်ကြောင့်လေ
အခု သူကလဲမရှိတော့ဘူးဆိုတော့ ကျတော်အလုပ်လုပ်စရာ အကြောင်းမရှိတော့ဘူး"

သူ့စကားအဆုံးငြိမ်ကျသွားတဲ့ ဥက္ကဌ။ ဘာတွေများတွေးနေလိမ့်မလဲ။ ကောင်းတဲ့အတွေးတွေပဲရှိရင်ကောင်းမယ်။ နေပါအုံး ကောင်းတာပဲတွေးတွေး ဆိုးတာပဲတွေးတွေး ငါနဲ့ဘာဆိုင်လို့လဲ။ ဪ အခုမှနေပြန်ကောင်းကာစဆိုတော့ ကောင်းတာပဲတွေးသင့်တာပေါ့။

"အားလုံးကိုသိသွားပြီလား အဲ့တာကြောင့်ထွက်သွားမယ်လို့ ပြောတာလား"

"ဆိုပါတော့"

"အင်းပါ အဲ့လိုဆိုတော့လဲ သဘောပါ "

ဘာလဲဟ reactionကမမိုက်လိုက်တာ။

"အဟမ်း ခင်ဗျားခြေထောက်ကမကောင်းသေးဘူးဆိုတော့ ကျတော်ကူညီ"

ငပွေလီ၏ချစ်ခြင်းကဋေကဍာ / ငပွေလီ၏ချစ်ခြင်းကဋေကဍာWhere stories live. Discover now