Unicode
ခြေထောက်ဒဏ်ရာတွေကြောင့် ဝှီးလ်ချဲပေါ်မှာထိုင်နေရဆဲဖြစ်တဲ့ ဥက္ကဌအတွက် ညစာစားဖို့ပြင်ဆင်ပေးရင်း အလုပ်ကိစ္စတွေအစီအရင်ခံဖြစ်သည်။
"မနက်ဆယ်နာရီလောက်မှာ ဥက္ကဌရဲ့အဖေရောက်လာသေးတယ် "
"ဘာပြောသွားသေးလဲ"
"ကျတော် အလုပ်ကိစ္စနဲ့ခရီးထွက်နေတယ်လို့ပြောထားလို့ ဘာမှတော့မပြောပေမဲ့ ဥက္ကဌရဲ့ သတို့သမီးလောင်း ယူဂျယ်အာက လက်ထပ်ပွဲကိုငြင်းလိုက်တဲ့အကြောင်း ဥက္ကဌကိုပြောပေးဖို့ မှာလိုက်ပါတယ်"
"ကောင်းတာပေါ့"
"ကျတော်တော့ ကောင်းတဲ့ကိစ္စလို့မထင်ဘူး ဥက္ကဌပြန်လာရင် သူ့ဆီလာခဲ့ဖို့မှာလိုက်ပါသေးတယ်"
ထမင်းအစားရေတစ်ခွက်ကိုသာ အကုန်မော့ချလိုက်ပြီး ဥက္ကဌက သူ့ကိုမော့ကြည့်သည်။
" ယူဂျယ်အာ ဘာလို့လက်ထပ်ပွဲကိုဖျက်သိမ်းလဲ မင်းသိလား"
"ဖြစ်နိုင်တာက ဟိုတစ်ယောက်ပြန်လာပြီးကတည်းက ဥက္ကဌကတစ်ခါမှအဆက်အသွယ်မလုပ်လို့ စိတ်ဆိုးသွားတာဖြစ်ပါလိမ့်မယ်"
"မဟုတ်ဘူး အတွင်းရေးမှူးချွဲမသိသေးတာရှိနေသေးတယ် ယူဂျယ်အာမှာချစ်သူရှိတယ် သူ့ချစ်သူကိုလက်ထပ်ဖို့အတွက် ကျတော့်ကိုငြင်းလိုက်တာ ဆိုလိုတာက ဒီကိစ္စမှာကျတော့်အပြစ်မရှိဘူး ကျတော်ရှင်းစရာမလိုဘူး ဒါကြောင့် ယူဂျယ်အာဆီမသွားပဲ လက်ရှောင်နေတာပေါ့ အဖေ ခေါ်တာ တခြားကိစ္စဖြစ်မယ်ထင်တယ်"
အတွင်းရေးမှူးချွဲကခေါင်းတဆက်ဆက်ငြိမ့်ရင်းက တခူခုကိုသတိရသည့်ဟန်ဖြင့် စကားစလာသည်။
"ဂန်အီသန်ပြန်ရောက်နေတယ်ဆို ကျတော်ဒေါက်တာဆီကကြားလိုက်တယ် သူဘာတွေပြောသွားသေးလဲ ဥက္ကဌ"
ဂန်အီသန်အကြောင်းကြားတာနဲ့ လူကစိတ်အိုက်လာသလို ရင်ထဲလဲပြည့်ကျပ်လာသည်။ စိတ်အိုက်အိုက်ဖြင့် ခေါင်းကုတ်လိုက်သော်လည်း ဘာမှမပါသွားတာပဲ ပိုပြီးစိတ်ရှုပ်စရာ။
"အထင်လွဲနေတယ်ဆိုပြီးပြောသွားတယ် ယုတ္တိမရှိတာတွေ ဘာတွေဆက်ပြီး ဇာတ်ကနေအုံးမလဲမသိဘူး"
YOU ARE READING