Unicode
"ဒေါ်လေး"
ဥက္ကဌအိပ်သွားချိန် နားဖို့ပြင်နေတုန်း ဒေါ်လေးဆီမှဖုန်းဝင်လာသည်။
"သား ဟီးဆောင်းလေးလက်ထပ်တော့မလို့တဲ့ သားသိပြီးပြီလား"
"ဗျာ!!"
"ဒီကလေး... အလုပ်တွေရှုပ်နေလို့နေမယ် သားကိုတောင်မပြောရသေးဘူးပဲ"
အစ်ကိုဟီးဆောင်းက သူ့ကိုဘာမှမပြောပဲလက်ထပ်တော့မတဲ့လား။ မဖြစ်နိုင်တာ။
"ဘယ်သူနဲ့လဲ ဒေါ်လေး"
"ကောင်လေးတစ်ယောက်နဲ့ပဲ နာမည်ကနည်းနည်း ဘာတဲ့ ဂန်မျိုးရိုးပဲ"
"ဂန်... ဂန်အီသန်လား"
မဝံ့မရဲမေးမိသည်။ မဖြစ်ပါစေနဲ့လို့လဲဆုတောင်လျက် တစ်ဖက်မှာလဲမဟုတ်ပါဘူးလို့ပင် စိတ်ထဲသွင်းထားသည်။ သို့သော်
"ဟုတ်တယ် နာမည်လေးဆန်းလို့ ဂန်အီသန်တဲ့"
"ဖုန်းချလိုက်တော့မယ် နောက်မှဆက်ပြောမယ်နော် ဒေါ်လေး"
"အေးအေး"
>>>
"ဘာလို့လဲ ဘာလိုအဲ့ကောင်ကိုလက်ထပ်လိုက်တာလဲ ဟမ် ဂင်မ်ဟီးဆောင်းပြောလေ ဘာလို့လဲလို့"
မနက်ဖြန်ပဲလက်ထပ်တော့မတဲ့။ ဒီလူက သူ့ကိုဘာမှအသိမပေးပဲ လုပ်ချင်တိုင်းကိုလုပ်နေသည်။
"မင်းကရော ငါမသိအောင် လူကိုဖမ်းထားရသလား"
လူသတ်ကောင်ကိုဖမ်းပြီးမေးတဲ့ကိစ္စကို ဘယ်လိုလုပ်သိနေပြန်တာလဲ။
"ငါဘာပြောထားလဲ လူသတ်ရင်တောင်ငါ့လက်နဲ့ပဲသတ်မယ်လို့ အခုမင်းဘာလုပ်လိုက်လဲသိလား"
"စကားလမ်းမလွှုနဲ့ အဲ့ကောင်ကိုဘာလို့လက်ထပ်လိုက်တာလဲ"
မင်းကိုချစ်လို့လေ အရူးလေးရဲ့။ မင်းကိုနှောက်ယှက်နေမှာစိုးလို့။ တခြားလူကိုကြည့်နေတဲ့ မင်းမျက်ဝန်းတွေကိုရှောင်ချင်လို့။
" ထားလိုက်တော့ ကောင်းကောင်းနေနော် လိမ်လိမ်မာမာနေ အရင်လိုမင်းနောက်မလိုက်နိုင်တော့ဘူး ကြားလား"
YOU ARE READING