Unicode
"ဟုတ်ပြီ ဒီလိုဆိုငါ့ကိုယ်ငါအရင်မိတ်ဆက်ပါရစေ ကင်မ်ထယ်ဟျောင်းရဲ့ သီးသန့်ဆရာဝန် စိတ်ရောဂါအထူးကု ပက်ဂျီမင်းပါ"
ထယ်ဟျောင်းအကြောင်းပြောရမယ်ဆိုရင် သူငါ့ဆီကိုရောက်လာတာ နှစ်နှစ်လောက်ရှိပြီ။ အသက်နှစ်ဆယ်ကျော်သန်သန်မာမာယောက်ျားတစ်ယောက် စိတ်ရောဂါကုဆရာဝန်ဆီရောက်လာတဲ့အကြောင်းရင်းက အချစ်ကြောင့်တဲ့လေ။ ဘယ်လောက်တောင်ရယ်စရာကောင်းလဲ မင်းတွေးကြည့်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့သိလာခဲ့တာက အဲ့ဒါတိုက်ဆိုင်မှုသပ်သပ်ပဲ။ ထယ်ဟျောင်းမှာ အရင်ကတည်းကစိတ်ဒဏ်ရာတွေရှိခဲ့တယ်။
ထယ်ယောင်းနဲ့ထယ်ဟျောင်းက အမြွှာပူးညီအစ်ကိုတွေဖြစ်တာချင်း တူတာတောင်မှု ဘဝချင်းကမတူခဲ့ဘူး။ ဒါကလဲ စီးပွားရေးဆန်တဲ့မိဘတွေမှာ မွေးဖွားလာတဲ့သူတို့ရဲ့ကံပဲပေါ့။
အကြီးဖြစ်တဲ့ထယ်ယောင်းကကျောင်းမှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ကြီးစာသင်နေတဲ့အချိန် အငယ်ဖြစ်တဲ့ထယ်ဟျောင်းက အိမ်မှာတစ်ယောက်တည်း ဆရာနဲ့စာသင်ရတယ်။ ထယ်ယောင်းက အပြင်ဘဝမှာပျော်ရွှင်နေတဲ့အချိန် ထယ်ဟျောင်းကအိမ်ထဲမှာ မွန်းကျပ်ပြီး ထယ်ယောင်းကိုပဲအားကျခဲ့ရတယ်။ တက္ကသိုလ်တွေတက်တော့ ထယ်ဟျောင်းကို နိုင်ငံခြားကိုလွှတ်လိုက်တယ်။ အဲ့ဒီအချိန်ကစပြီး ထယ်ဟျောင်းက မင်းနဲ့ခပ်ဆင်ဆင်တူတဲ့လူတစ်ယောက်နဲ့ဆုံတယ်။ သူတို့နှစ်အတော်ကြာတွဲခဲ့တယ်ဆိုပါတော့။
"ဥက္ကဌကအဲ့လူကြောင့် စိတ်ကျရောဂါဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းပြချင်နဲ့ ကျတော်က အသားလွတ်ကြီးအမုန်းခံခဲ့ရတာလား"
"ဒါကတော့ ထယ်ယောင်းကသေချာမစစ်ဆေးလို့မှားသွားခဲ့တာပဲ ငါပြောတယ်လေ မင်းနဲ့ခပ်ဆင်ဆင်တူပါတယ်ဆို"
"ဆက်ပြော"
အင်း... ဆက်ပြောရရင် ထယ်ဟျောင်း အဲ့ကောင်လေးကို ဘယ်လောက်တောင်သိသိသာသာသဘောကျလိုက်သလဲဆိုရင် ကိုရီးယားမှာရှိနေတဲ့ သူ့မိဘတွေသိသွားတဲ့အထိပဲ။ သူ့မိဘတွေစကားလဲနားမဝင်တော့အတဲ့အထိ အဲ့ကောင်လေးကိုတော်တော်ရူးခဲ့တာ။ နောက်ဆုံး ပြဿနာကဘာလဲဆိုရင် အဲ့ကောင်လေးက သူ့ကိုချစ်လို့မဟုတ်ပဲ သူ့စည်းစိမ်တွေကိုချစ်လို့ဆိုတာ သူသိသွားတယ်။ အမြွှာချင်းအတူတူ ထယ်ဟျောင်းက လူမသိတဲ့သားဖြစ်ပြီး ထယ်ယောင်းကတော့ ပွဲထုတ်ခံရတဲ့သားဆိုတော့ အဲ့ကောင်လေးက ထယ်ဟျောင်းကိုပစ်ပြီး ကိုရီးယားမှာကျန်နေခဲ့တဲ့ အကြီးဆီသွားဖို့လုပ်တယ်။
YOU ARE READING