Description

3.9K 169 0
                                    

Title - I am the father of Villian

Description 💥

ငါ့နာမည်က လင်းလောချင် အခုလေးတင်မှ ဝတ္ထုထဲကို ကူးပြောင်းလာခဲ့တဲ့သူပေါ့ ဒါပေမယ့် နည်းနည်းလေးမှကို ပျာယာခတ် မနေပါဘူး ဘာလို့ဆို ဒီစာအုပ်ရဲ့ ဇာတ်ကြောင်းကို ကောင်းကောင်းကြီး သိနေလို့ပေါ့ ဒီအချက်ကို အခွင့်ကောင်းယူပြီး ငါ့ဘဝကို အထွတ်အထိပ်အထိ ရောက်ပြီး အောင်နိုင်သူတစ်ယောက်ဖြစ်အောင် လုပ်ရမယ် ...

ဟေး ဟိုးနားလေးကနေ ငါ့ကို ချောင်းကြည့်နေတဲ့ ကလေးလေးက ဘယ်သူလဲ ဘယ်လိုဖြစ်ပြီး ငါ့အိမ်ထဲ ရောက်လာတာလဲ ငါ့ကို ကြည့်နေတဲ့ အကြည့်တွေကလေ ဝမ်းနည်းတာ သုံးကျပ်သား၊ မကျေနပ်တာက ငါးကျပ်သားနဲ့ စိတ်ရှုပ်တာ နှစ်ကျပ်သားလောက် ရောနေသလိုပဲ ...

“ကလေးလေး မင်းနာမည်က ဘာတဲ့လဲ ...”

နွေဦးလေပြေ၏ နွေးထွေးမှုကို ခံစားနိုင်စေရန် အလို့ငှာ ကလေးကို ညင်သာနူးညံ့စွာ မေးလိုက်၏။

ကလေးက သင်္ကာမကင်းသည့် အေးစက်စက်အကြည့်တို့ဖြင့် စိုက်ကာကြည့်လိုက်သည်။

“လင်းဖေး ...”

ဖာ့ခ် ဒါ ဝတ္ထုထဲက အေးစက်တဲ့ ငရဲအရှင်ကြီး မဟုတ်ဘူးလား ကလေးဘဝတုန်းက သူ့ဦးလေး နှိပ်စက်တာ ခံရလို့ အရွယ်ရောက် လာတဲ့ အချိန်မှာ အဲဒီ့ဦးလေးကို ပြန်ညှင်းပန်းခဲ့တယ်ဆိုတဲ့တစ်ယောက် မဟုတ်လား ဒါဆို ငါကူးပြောင်းလာရတဲ့ ခန္ဓာကိုယ်က အမှိုက်လို ဦးလေးစုတ်ပေါ့ ...

ဘာပဲဖြစ်ဖြစ် လုံးဝ ပျာယာခတ်မသွားဘူးကွ ... ငါ့ကိုယ်ငါ ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပြီ ...

ထို့နောက် ငရဲအရှင်ပေါက်စလေးကို ပွေ့ဖက်ကာ  နူးညံ့လှသည့် မျက်နှာလေးကို ခပ်ဖွဖွ နမ်းရင်း ပြောလိုက်သည်။

“ရှုရှုက သားကို ချစ်တယ်နော် ...”
(ရှုရှု = ဦးလေး / ဦးလေး၊ ဦးဦးလို့ သုံးတာနဲ့စာရင် ရှုရှုက ပိုပြီး ချစ်စရာကောင်းတယ်လို့ ခံစားရလို့ ရှုရှုလို့ပဲ သုံးပါမယ်)

အခုအချိန်မှာတော့ ဒီကလေးလေးက ငါ့ကို မကြိုက်ကောင်း မကြိုက်လိမ့်မယ် ဒါပေမယ့် ငါ့ရဲ့ သင်ပြမှုတွေနဲ့သာဆို  တရုတ်ပြည်ရဲ့ အကောင်းဆုံး တူဝရီး ဖြစ်လာမယ်လို့ ယုံကြည်ချက်ရှိတယ် ...

ငါကဗီလိန်ရဲ့ပါးပါးWhere stories live. Discover now