Chapter 10

622 95 2
                                    

Chapter 10

လင်းလော့ချင်း လင်းဖေး၏ မျက်လုံးထဲမှ သံသယဖြစ်မှု သုံးမှတ်၊ မယုံကြည်နိုင်မှု သုံးမှတ်၊စိတ်ရူပ်‌ထွေးမှု လေးမှတ်ကို မြင်လိုက်ပြီး လင်းဖေး၏ မျက်နှာကို ညှစ်လိုက်သည်။

'ဘယ်လိုဖြစ်ပြီး ဒီလိုရှုပ်ထွေးတဲ့ မျက်လုံးမျိုး ဖြစ်ရပြန်တာလဲ...'

“ငါ့ကို ယုံ...” 

လင်းဖေး '"ဟုတ်ကဲ့..."

လင်းဖေး ဤကိစ္စနှင့် ပတ်သတ်ပြီး ငြင်းခုံရန် ပျင်းရိလေသည်။

လင်းလော့ချင်း လက်ကို လွှတ်လိုက်သောအခါ လင်းဖေး၏မျက်နှာက သူ ညှစ်ထားသည့်အတွက် အနည်းငယ် နီရဲနေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက ပြုံးလိုက်ပြီး လင်းဖေး၏မျက်နှာကို ပွတ်ပေးလိုက်လေသည်။ လင်းဖေးက အနည်းငယ် သံသယဖြစ်သော်လည်း  လင်းလော့ချင်း ပွတ်ပေးသည်ကို မငြင်းဆန်ပေ။

“သွားကြရအောင်...”

လင်းလော့ချင်း ခါးမတ်လိုက်ပြီး လင်းဖေး၏ ပခုံးကို ကိုင်လိုက်သည်။

“မင်းညစာစားပြီးပြီဆိုတော့ အိမ်စာလုပ်သင့်တယ်...”

လင်းဖေး ပြန်မတုံ့ပြန်ပေ။

လင်းလော့ချင်းက လင်းဖေးကို အခန်းထဲ ပြန်ပို့ပေးလိုက်ပြီး တံခါးဘောင်ကို မှီရပ်လိုက်ကာ ပြောလိုက်သည်။

"ရှုရှု အဖွားနဲ့ စကားပြောလိုက်ဦးမယ်...ငါတို့ စကားပြောပြီးမှ အခန်းထဲက ထွက်လာခဲ့နော်..."

မလှမ်းမကမ်းမှ ချန်ဖုန်း:"???"

အဖွားလား...သူက ဘယ်လိုဖြစ်ပြီး အဖွား ဖြစ်လာရတာလဲ...

ချန်ဖုန်းက ဒေါသထွက်သွားလေသည်။ သို့သော် သူက လင်းလော့ချင်းနှင့် ဆွေးနွေးစရာ ရှိသည့်အတွက် သည်းခံရုံသာ တတ်နိုင်လေသည်။

လင်းဖေးက လင်းလော့ချင်း၏စကားကို ကြားသောအခါ ခေါင်းငြိမ့်လိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။

လင်းဖေးက ကျောပိုးအိတ်ထဲမှ စာအုပ်ထုတ်နေသည်ကို မြင်လိုက်ရသောအခါ လင်းလော့ချင်း တံခါးကို ပိတ်လိုက်ပြီး ချန်ဖုန်းဆီ လျှောက်သွားလိုက်သည်။

ငါကဗီလိန်ရဲ့ပါးပါးWhere stories live. Discover now