Chapter 27လင်းလော့ချင်းရယ်လိုက်သည်။ သူက တစ်ဖက်လူကို ငုံ့ကြည့်လိုက်ရင်း ချစ်စရာကောင်းသည်ဟု တွေးလိုက်မိ၏။
သူက ကျိယွီရှောင်အား ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသော်လည်း ထန်းခိုက်ကမူ ထိုသို့မတွေးချေ။
ထန်းခိုက်က လက်ကိုပြန်ရုတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်၏။ “ကျွန်တော်မေ့သွားတာ … သခင်လေးကျိရဲ့ခြေထောက်တွေက ပျက်စီးနေတာဆိုတော့ အရမ်းခံစားလွယ်နေမှာပဲ … ခြေထောက်ကောင်းတဲ့ လူတွေကိုဆို ကြည့်မရဘူးထင်တယ် … ကျွန်တော် ရိုင်းပြမိပါတယ် … ကျွန်တော် ခြေကျိုးနေတဲ့ လူတစ်ယောက်ရှေ့မှာ ပေါ်မလာခဲ့သင့်ဘူး … ”
လင်းလော့ချင်း ထိုအရာကို ကြားသည်နှင့် အမူအရာအေးစက်သွား၏။ သူက ထန်းခိုက်အား လှောင်ပြောင်လိုက်သည်။ “ခင်ဗျား ခြေထောက်တွေက အကောင်းအတိုင်းဆိုပေမယ့် စိတ်တော့မနှံ့ဘူးထင်တယ် … ကျွန်တော်တို့က အဲဒါကို စိတ်ပိုင်းဆိုင်ရာမသန်စွမ်းတဲ့လူလို့ ခေါ်တယ်လေ … မြန်မြန်ကုတာကောင်းမယ်နော် …”
ကျိယွီရှောင် ပြုံးလိုက်မိသည်။
ထန်းခိုက်က ထိုသို့အပြောခံရမည်ဟု မမျှော်လင့်ထားသဖြင့် သူ့အား မယုံနိုင်စွာ ကြည့်လိုက်သည်။ “မင်းကိုယ်မင်း ဘာပြောနေလဲ သိရဲ့လား … ”
“ဘာလဲ … ဦးနှောက်တင်မဟုတ်ဘူး … နားပါ မကောင်းတော့ဘူးလား … ” လင်းလော့ချင်း အံ့အားသင့်ဟန် ဆောင်လိုက်သည်။ “ဒါဖြင့် ဆေးရုံမြန်မြန်သွားသင့်တယ်နော် … ရောဂါတစ်ခုခုရှိနေရင် မြန်မြန်ကုလိုက်တာ အကောင်းဆုံးပဲ ...”
ထန်းခိုက် စိတ်ဆိုးစွာ ပြုံးလိုက်၏။ “မင်းက ကျိယွီရှောင်ကို မင်းရဲ့ခံစားချက်တွေ ထုတ်ပြဖို့ ကြိုးစားနေတာလား … ကြည့်ရတာ မင်း သစ်ကိုင်းကို တော်တော်လေး ကျေနပ်မှုရှိပုံပဲ ...”
“ငါ သူနဲ့အတူတူရှိရတဲ့အတွက် အမြဲတမ်းပျော်တယ် …” လင်းလော့ချင်း ပြုံးလိုက်သည်။
“တကယ်လား … ” ထန်းခိုက်က ဆက်ပြော၏။ “ဒါပေမယ့် ငါမှတ်မိသလောက် မင်းငါ့ကို အမျိုးမျိုး ဆွဲဆောင်ဖို့ ကြိုးစားခဲ့သလားလို့ … ”

CZYTASZ
ငါကဗီလိန်ရဲ့ပါးပါး
RomansBL novel အသစ်လေး update လုပ်ထားပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.facebook.com/profile.php?id=100082977590554&mibextid=ZbWKwL