Chapter 4

771 99 1
                                    

Chapter 4


လင်းလောချင် ရလိုက်သည့် အဖြေမှာ သေဒဏ်မှ ကင်းလွတ်ခွင့် ဆုတံဆိပ်၊ ကျိလဲ့ယွီ၏ သေစာရင်းမှတ်တမ်းမှ လွတ်မြောက်ခွင့် ရလိုက်သည်နှင့် အတူတူပင်ဖြစ်သည်။

ကောင်းမွန်လာသည့် စိတ်အခြေအနေကြောင့် လူရွေးပွဲအပေါ် ပိုမိုကာ စိတ်ဝင်စားလာတော့သည်။ သူ့သရုပ်ဆောင်ချက်များမှာ ကမ္ဘာမြေကြီး တုန်ဟီးစေနိုင်သည်အထိပင် ကောင်းမွန်လွန်း၍ အင်တာဗျူးရန် တာဝန်ကျသည့် ဝန်ထမ်းများပင်လျှင် သူနှင့်အတူ လိုက်ပါ စီးမြောကာ ငိုကြွေးမိကုန်ကြတော့သည်။

တာဝန်ကျ လက်ထောက်ဒါရိုက်တာက သူ့ကို မေးခွန်းအချို့ မေးမြန်းပြီးနောက် အကြောင်းကြားသည်ကို စောင့်နေရန် ပြောလိုက်သည်။

လူရွေးပွဲများစွာ ဝင်ရောက်ခဲ့ဖူးရာ နောက်ကွယ်ရှိ လှည့်ကွက်နှင့် အပြောင်းအလဲ အမျိုးမျိုးကို ကြုံတွေ့နားလည်ပြီး ဖြစ်သည့်အတွက် ဟိုးယခင်ကတည်းက စိတ်ကို တည်တည်ငြိမ်ငြိမ် ထားတတ်ရန် သင်ယူခဲ့ပြီး ဖြစ်ပေသည်။

ထို့ကြောင့် ထိုဒါရိုက်တာကို ယဉ်ကျေးပျူငှာစွာ ကျေးဇူးတင်စကား ပြော၍သာ အခန်းထဲမှ ထွက်လာလိုက်တော့သည်။

အခန်းထဲမှ ထွက်လာပြီးသည်နှင့် တစ်ပြိုင်နက် ဓာတ်လှေကားရှိရာဆီသို့ တန်းတန်းမတ်မတ်သွားကာ အိမ်ပြန်အနားယူရန် အဆင်သင့်ဖြစ်နေပြီးဖြစ်သည်။

နာရီပိုင်းလေး အတွင်းမှာကို အများကြီး ကြုံတွေ့ခဲ့ရတာပဲ ...

လင်းလောချင်က တက္ကစီတစ်စီး ငှားကာ တည်နေရာတစ်ခုထံ မောင်းနှင်စေလိုက်သည်။ ထိုနေရာနှင့် နီးလာလေလေ သူ့စိတ်ထဲတွင် မှတ်ဉာဏ်တို့ ထွက်ပေါ်လာတော့သည်။

သို့သည့်တိုင် ထိုမှတ်ဉာဏ်တို့မှာ ရှင်းလင်းပြတ်သားခြင်း မရှိ။ မှုန်ရီဝေဝါးကာ အရိပ်တစ်ခုအလားပင်။

သို့သော် လင်းလော့ချင်က လုံးဝမျှပင် အလျင်မလို။ ကျိလဲ့ယွီဟူသော အကြီးမားဆုံး ဘေးဒုက္ခကို ဖြေရှင်းနိုင်ပြီး ဖြစ်သည့်အတွက် မည်သည်ကိုမှ ကြောက်နေရန် မလိုအပ်တော့ချေ။

ငါကဗီလိန်ရဲ့ပါးပါးWhere stories live. Discover now