Chapter 11

615 89 0
                                    

Chapter 11

ကျိယွီရှောင်:"..."

ကျိယွီရှောင် ရေကို ထွေးထုတ်လုနီးပါးဖြစ်သွားလေသည်။ သူ ချောင်းနှစ်ချက် ဆိုးလိုက်ပြီး လက်ထဲမှ ဖန်ခွက်ကို ချလိုက်ကာ ပြန်ရေးလိုက်သည်။

[မင်း ပိုပြီးတည်တည်ငြိမ်ငြိမ် နေသင့်တယ်...]

'မင်းရဲ့အိမ်မက်က အမှန်တကယ် ဖြစ်လာပြီး ဆင်းရဲမွဲတေမှုက လွတ်မြောက်တော့မှာကို ငါသိပါတယ်...ဒါပေမဲ့မင်း တည်ငြိမ်နေသင့်တယ်လေ...'

လင်းလော့ချင်းက သက်ပြင်းချလိုက်ပြီး အ၀တ်အစားအသစ်တစ်စုံ ထပ်ထုတ်လိုက်သည်။

[ဒီ၀တ်စုံ  အဆင်ပြေလား...]

ကျိယွီရှောင် ဓာတ်ပုံထဲမှ ရှပ်အင်္ကျီအဖြူနဲ့ ဂျင်းဘောင်းဘီကို ကြည့်လိုက်ပြီး သင့်လျော်သည်ဟု ထင်လိုက်သည်။

[အဆင်ပြေပါတယ်...]

သူ ပြန်ဖြေလိုက်၏။

လင်းလော့ချင်းက ကျေနပ်သွားပြီး အ၀တ်အစားများကို ပြန်သိမ်းလိုက်ကာ ရေချိုးလိုက်ပြီး အိပ်ရာ‌ပေါ် လှဲလိုက်သည်။

နောက်နေ့မနက် ရောက်သောအခါ သူ လင်းဖေးကို ကျောင်းပို့ပြီးသည်နှင့် အိမ်ပြန်လာပြီး ထပ်အိပ်လိုက်သည်။ သူအိပ်‌ပျော်ပြီး မကြာမီတွင် ကျိယွီရှောင် ဖုန်းဆက်လာလေသည်။

“အောက်မှာ ရောက်နေပြီ...ဆင်းလာခဲ့တော့...”

လင်းလော့ချင်း မြန်မြန်ထထိုင်လိုက်ပြီး ဖိနပ်လဲ၀တ်လိုက်ကာ အောက်ဆင်းလိုက်၏။ ထို့နောက် သူ ကျိယွီရှောင်ပြောသည့် လိုင်စင်နံပါတ်ပါRolls-Royceကားကို တွေ့လိုက်ရသည်။

“၀ိုးးးးး”

လင်းလော့ချင်း အံ့အားသင့်သွားလေသည်။

“လူချမ်းသာကြီးပဲ...”

သူ  နောက်တံခါးဆီ လျှောက်သွားလိုက်ပြီး ကားတံခါးဖွင့်ကာ ကားထဲ ၀င်ထိုင်လိုက်သည်။

ကျိယွီရှောင် မျက်လုံးမှိတ်ပြီး အနားယူနေရာမှ လင်းလော့ချင်း ဘေးတွင် လာထိုင်သည်ကို ခံစားလိုက်ရသောအခါ မျက်လုံးဖွင့်လိုက်သည်။

ငါကဗီလိန်ရဲ့ပါးပါးWhere stories live. Discover now