Chapter 2

792 113 0
                                    

Chapter 2

ထို့ကြောင့် လင်းလောချင်မှာ သူ့အနာဂတ်ကို ကယ်တင်ရန် အလို့ငှာ ပျူငှာသိမ်မွေ့သည့် အပြုံးတစ်ပွင့်ကိုသာ ဇွတ်အတင်း ဖျစ်ညှစ်ပြုံးပြလိုက်ရတော့သည်။

“ကြည့်ရတာ နားလည်မှု လွဲနေတာလေးတွေ ရှိနေတယ် ထင်တယ် ...”

သူ့လေသံမှာ အလွန်အမင်း ညင်သာသိမ်မွေ့နေ၏။

ကျိယုရှောင်က လှောင်ရယ်လိုက်သည်။

“မစ္စတာလင်းက ဟာသ ပြောတတ်သားပဲ ဘယ်လိုလုပ် နားလည်မှု လွဲရမှာလဲ ကျွန်တော်က ငန်းသားစားချင်တဲ့ ဖားပြုတ်တစ်ကောင်လေ မစ္စတာလင်းလို တောက်ပတဲ့ ကြယ်တစ်ပွင့်ကို သတ္တိကောင်းပြီး ဖမ်းဆုပ်ဖို့ ကြိုးစားရဲတဲ့ မသန်စွမ်းတစ်ယောက်ပဲ မဟုတ်လား အရမ်းအရမ်းကို အရှက်မရှိတဲ့သူလေ မျက်နှာပြစရာကို မရှိဘူး မှန် မပါဘဲနဲ့တောင် အပေါ့စွန့်ပြီး ကိုယ့်မျက်နှာကိုယ် ကြည့်လို့ရတဲ့သူမျိုး မဟုတ်လား မစ္စတာလင်းရဲ့ စကားတွေက အမှန်ပဲနော် ကျွန်တော့်လို ပုပ်သိုးနေတဲ့ ပန်းသီးတစ်လုံးက မစ္စတာလင်းနဲ့ မထိုက်တန်ပါဘူး ဒါပေမယ့် အနာဂတ်မှာ  တွေ့စရာ မလိုတော့တဲ့အတွက် မစ္စတာလင်းအနေနဲ့ စိတ်ပူနေဖို့ မလိုအပ်တော့ပါဘူး ...”

လင်းလောချင် “!!!!!!”

အကျိုးနည်း ...

သူက ဒီလောက်အထိကို အံ့ဩစရာ ကောင်းတာလား ...

ရက်စက်တဲ့ စကားတွေတောင် ပြောထွက်ပြီးသွားပြီပေါ့ ...

စစ်ပွဲတောင် ကြေငြာလိုက်ပြီဆိုတော့ သူက တကယ်ကြီး ခွေးနဲ့ လက်ထပ်ရတော့မှာလား ...

လင်းလောချင်က ခေါင်းကို အသည်းအသန် ခါယမ်းပြလိုက်၏။ ငြင်းဆန်လိုသည့် စကားလုံးတို့ကို သူ့မျက်နှာတွင် အတိုင်းသား မြင်နေရသည်။ ကျိယုရှောင်အနား ဝုန်းခနဲ ပြေးသွားကာ တစ်ဖက်သူ၏ လက်မောင်းကို ဆုပ်ကိုင်ရင်း နာကျင်နေသည့် လေသံဖြင့် အမောတကော ပြောလိုက်သည်။

“ဘာတွေ ပြောနေတာလဲ ဘာလို့ မင်းကိုယ်မင်း ဒီလောက်အထိ ချိုးချိုးနှိမ်နှိမ် ပြောနေရတာလဲ ဒီလိုတွေ မပြောရဘူးလေ ...”

ငါကဗီလိန်ရဲ့ပါးပါးWhere stories live. Discover now