Chapter 1

1.6K 116 0
                                    

Chapter 1

ရှေ့တွင် ရှိနေသူကို စိုက်ကြည့်ရင်း လင်းလောချင်၏ တစ်ကိုယ်လုံး အဆင်သင့် သတိကပ်ထားသည့် အနေအထားသို့ ရောက်ရှိ သွားတော့သည်။ အင်္ကျီတစ်ထည်လုံး ချွေးများ ရွှဲနစ်သွားသည့်တိုင် ကြောက်လန့်စိတ်ကြောင့် စကားတစ်ခွန်းမျှပင် ထွက်မလာရဲ။ နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာသည့် ကြောက်ရွံ့စိတ်များကြောင့် သူ့ရှေ့တွင် ရှိနေသူကို ရင်တမမဖြင့်သာ ငေးကြည့်နေမိ တော့သည်။

ထိုသူမှာ အနည်းငယ် ရှည်လျားသော ဆံနွယ်ရှည်တို့ကို ပိုင်ဆိုင်ထားသည့် ခပ်မိုက်မိုက် အမျိုးသားတစ်ဦးဖြစ်သည်။  လက်တစ်ချက် ယမ်းကာ ဆေးလိပ်ကို မီးညှိလိုက်ပြီးနောက် ဖီးနစ်ပုံ မျက်ဝန်းလှလှတို့ အနည်းငယ် ကွေးညွတ်ကာ အပြုံးရိပ် တစ်ခု မပီမသ ထွက်ပေါ်လာတော့သည်။

သူ့လေသံမှာ လွန်စွာ နားဝင်ပီယံ ရှိလှသည်။ နူးညံ့ညင်သာသည့်တိုင် အေးစက်သည့် အရိပ်အယောင်တို့လည်း ရောယှက်နေပေ သည်။

“မစ္စတာလင်းက ဘယ်လိုဖြစ်ပြီး သဘောတူလိုက်တာလဲ ...”

သူ့ပုံစံမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည့်ဟန်၊ အကြည့်တို့တွင်လည်း အပြစ်ကင်းစင်မှုတို့ကို အတိုင်းသား တွေ့မြင်နေရသည်။

“မှတ်မိသလောက်ဆို ကျွန်တော့်ဦးလေးကို အရှက်ခွဲခဲ့တုန်းက မစ္စတာလင်းက အတော်လေးကို မျက်နှာပြောင်တိုက်ပြီး ယုံကြည်ချက်တွေ ပြည့်ဝနေခဲ့တာပါ အဲဒီ့အချိန်တုန်းက ခင်ဗျား ဘာပြောခဲ့လဲ ...”

ကျိလဲ့ယွီက သွယ်လျလှသည့် လက်အစုံဖြင့် ဆေးလိပ်ကို တတောက်တောက် ခေါက်လိုက်သည့်အတွက် ဆေးလိပ်ပြာတို့ ပြန့်ကြဲ ကျလာတော့သည်။ ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်၏။

“အာ ဟုတ်သားပဲ ဦးလေးကို ငန်းသားစားချင်တဲ့ ဖားပြုတ်လို့ ပြောခဲ့တာလေ သူ့လို မသန်စွမ်းက ခင်ဗျားနဲ့ မတန်ဘူးလို့ ပြောခဲ့ တယ် မဟုတ်လား ဘယ်လို အပေါ့သွားရမလဲတောင် မသိတဲ့လူမျိုး၊ ခွေးတစ်ကောင်နဲ့ အတူတူပဲ၊ သူနဲ့ ယူရမယ့်အစား ခွေးကိုပဲ ယူလိုက်မယ်လို့ ပြောခဲ့တာလေ ...”

ငါကဗီလိန်ရဲ့ပါးပါးWhere stories live. Discover now