Chapter 32ကျိဟွေ့ ထိတ်လန့်သွား၏။ ကျိယွီလင်က သေဆုံးသွားပြီး ကျိယွီရှောင်သည်လည်း လုပ်ငန်းကို စိတ်မဝင်စားရာ အနာဂတ်တွင် သူမ၏ အစ်ကိုဖြစ်သူက ကုမ္မဏီအား ဆက်ခံရန် အခွင့်အလမ်းများ၏။ ဒီလိုကိစ္စမျိုးက ဒီအချိန်မှ ဖြစ်ရတယ်လို့ …
ကျိဟွေ့က သူမအစ်ကိုပေါ်သို့ ရေဆိုးများ လောင်းချမိလျှင် သန်း ၃၀ ထက် ပို၍ဆုံးရှုံးရမည်ကို ကြောက်သွားမိသည်။
“ညီမလေးမှာ ရှိတယ် ...” ကျိဟွေ့ အံသာကြိတ်လိုက်နိုင်၏။ “မနက်ဖြန်ညကျရင် ယောင်းမအတွက် လက်ဆောင် ပို့လိုက်ပါ့မယ် … ”
ကျိယွီရှောင် နှာခေါင်းရှုံ့လိုက်သည်။ “မင်းကြည့်ရတာ ပေးချင်ပုံမရဘူး … ”
ကျိဟွေ့ “……”
ကျိဟွေ့ ငိုချင်လာမိသည်။
လင်းလော့ချင်းက သူမအား ငိုအောင်မလုပ်ချင်ပေ။ ကျိယွီရှောင်အပေါ် ကျိဟွေ့၏ အမြင်ကြောင့် သူ သူမအား မနှစ်မြို့ခြင်းသာ ဖြစ်၏။ ထို့ကြောင့် သူမထံမှ အနည်းငယ် ပို၍ ညှစ်ထုတ်ရန် တွေးလိုက်သည်။
ထို့ကြောင့် သူက ငိုတော့မလိုဖြစ်နေသည့် ကျိဟွေ့အား နှစ်သိမ့်လိုက်၏။. “မင်း ဘာတွေလျှောက်တွေးနေတာလဲ … ညီမလေးက မပေးချင်ပဲနေပါ့မလား … ကြည့်ရတာ ငါပြောတဲ့ သန်း ၃၀ ဆိုတဲ့ ဂဏန်းကြောင့်ထင်တယ် … သူမက ကံကောင်းစေတဲ့ ဂဏန်း ၆၆ မီလီယံပေးချင်တာ … ဒီလိုဆို ငါတို့ ကောင်းကောင်းမွန်မွန် နေနိုင်တော့မှာ ...”
ကျိဟွေ့ “……”
ကျိဟွေ့ စိတ်ထဲတွင် ကျယ်လောင်စွာ ငိုလိုက်မိ၏။
ကျိယွီရှောင်က ကျိဟွေ့အား လှည့်ကြည့်လိုက်သည်။ “တကယ်လား … ”
ကျိဟွေ့ မငြင်းရဲချေ။ သူမ စိတ်တွင်းတွင် အော်ဟစ်နေမိသော်လည်း ထင်သလောက် မရိုးရှင်းသည့် ကိစ္စဖြစ်ကြောင်း သူမသေချာသိထား၏။ ကျိဟွေ့က နာခံစွာ ခေါင်းညှိတ်လိုက်သည်။ “ဟုတ်တယ် .. ”
“ကြည့်ရတာ မင်းရဲ့ယောင်းမက အရမ်းတွေးတတ်တာပဲ … မင်းသူ့ကို ဘာပြောသင့်လဲ … ”

YOU ARE READING
ငါကဗီလိန်ရဲ့ပါးပါး
RomanceBL novel အသစ်လေး update လုပ်ထားပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.facebook.com/profile.php?id=100082977590554&mibextid=ZbWKwL