Chapter 34သူမက အမှတ်တမဲ့ ထပ်ပြောလိုက်သည်။
“ကျိလဲ့ယွီ ညီမလေးတို့နောက်သာ လိုက်လာရင် ဘယ်လောက်ကောင်းမလဲ … အဲဒီ့လိုသာဆို ညီမလေးတို့မှာ ပိုပြီး အကျိုးအမြတ်များမှာပဲ …”
ကျိမူ ခပ်ဖွဖွ ပြုံးလိုက်သည်။
“ရပါတယ် … တစ်ဆင့်ချင်း သွားကြတာပေါ့ …”
သူက ညီမဖြစ်သူကို ကြည့်လိုက်သည်။ “ကောင်းပြီ … ကိုကို အဝတ်လဲတော့မယ် … ခဏနေရင် ညစာစားရအောင် …”
ကျိဟွေ့ သူ့ကို အမြန်ဆွဲထားလိုက်၏။ “ခဏလေး … ကိုကို ညီမလေးကို ပိုက်ဆံနည်းနည်းလောက် ပေးလို့ရမလား …”
“ဘာအတွက်လဲ …” ကျိမူ အံ့အားသင့်သွားသည်။
ကျိဟွေ့က သူ့အား စိတ်ဓာတ်ကျစွာ ကြည့်လိုက်၏။
“အဲဒီ့ သရုပ်ဆောင်ပေါက်စက ညီမလေးကို လက်ဖွဲ့အနေနဲ့ ၆၆ သန်းပေးဖို့ ပြောခဲ့တယ်လေ …”
“၆၆ သန်း …” ကျိဟွေ့ ရှော့ခ်ရသွား၏။
“ဟုတ်တယ် … ပိုပြီး စိတ်ပျက်စရာကောင်းတာက ဝမ်းကွဲအစ်ကိုက သူ့ကို ကူပြောပေးတာပဲ … အဲဒီ့ သရုပ်ဆောင်ပေါက်စက ပိုက်ဆံရတာနဲ့ ဝမ်းကွဲအစ်ကိုကို ထားခဲ့ပြီးထွက်ပြေးမှာ … ညီမလေးတွေ့သလောက် အဲဒီ့သရုပ်ဆောင်ပေါက်စကို တော်တော်များများက သဘောကျကြတယ်လေ …”
ကျိမူ သူမအား နှစ်သိမ့်လိုက်သည်။ “ကိုကို နားလည်ပြီ …ခဏနေရင် ညီမလေးကို ချက်လက်မှတ်ပေးမယ် …”
သူက ခဏတွေးပြီးနောက် ဆက်ပြောလိုက်၏။ “မေ့လိုက်တော့ … ကိုကို ကျိယွီရှောင်ကို ရှာပြီး ဒီကိစ္စဖြေရှင်းလိုက်မယ် …”
“ဟုတ်ကဲ့ … ကျေးဇူးပါကိုကို …” ကျိဟွေ့က ကျိမူအား နှစ်သိမ့်လိုက်သည်။
“သူတို့ကို ခဏလောက် ပေးပျော်လိုက်ပါ … ကိုကို ကုမ္မဏီကို ရတာနဲ့ ဒီပိုက်ဆံလောက်ကို အရေးစိုက်စရာတောင် မလိုတော့ဘူး …”
ကျိမူက သူမသည် အမြင်ကျဉ်းလွန်းသည်ဟု ခံစားလိုက်ရသည်။ “ဟုတ်တယ် … ဒီပိုက်ဆံက ဘာမှမဟုတ်ဘူး … ဒီလောက်ပိုက်ဆံကိုသုံးပြီး ကျိယွီရှောင်ကို ပထုတ်နိုင်မယ်ဆိုရင် ၆၆ သန်းတင်မဟုတ်ဘူး … သန်း ၆၀၀ ကျော်ပေးရရင်တောင် အဆင်ပြေတယ် …”
JE LEEST
ငါကဗီလိန်ရဲ့ပါးပါး
RomantiekBL novel အသစ်လေး update လုပ်ထားပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.facebook.com/profile.php?id=100082977590554&mibextid=ZbWKwL