Chapter 38ကျိမူ၏ စိတ်အခြေအနေမှာ ချက်ချင်းပြန်ကောင်းလာ၏။ သူသည် ကျိယွီရှောင်ဆီသို့ ချဥ်းကပ်သွားပြီး ထိုပုဂ္ဂိုလ်အား ငုံ့ကြည််ွလိုက်သည်။
ကျိယွီရှောင်တစ်ယောက် သူ၏ရှေ့၌ ဤမျှသေးငယ်အားနည်းနေလိမ့်မည်ဟု မတွေးခဲ့မိပေ။
"ရှောင်ဟွိုက်က မင်းအတွက် ဘာ၀ယ်ပေးရမလဲမသိဘူးဖြစ်နေတာ။ ဒီနေရာမှာ မင်းအတွက် ဘာမှမချို့တဲ့မှန်း ငါသိပါတယ်။ အဲ့ဒါကြောင့် လိုက်ခန့်မှန်းနေတာထက် မင်းစိတ်တိုင်းကျရွေး၀ယ်ရတာက ပိုကောင်းပြီး မင်းအတွက်လည်း အဆင်ပြေမှာပါ။"
သူထိုသို့ပြော၍ ခေါင်းကိုငုံ့ကာ အိတ်ကပ်ထဲမှ ချက်လက်မှတ်နှစ်စောင်ကို ထုတ်ယူလိုက်သည်
"ဒီထဲမှာ 166 မီလီယံပါတယ်။ 66 မီလီယံက ရှောင်ဟွိုက်ရဲ့ မဂႅလာလက်ဖွဲ့ဖြစ်ပြီး သာယာချောမွေ့တဲ့ အိမ်ထောင်သည်ဘ၀ကို ဖြတ်သန်းနိုင်ဖို့ ဆုတောင်းပေးထားတာ။ 100မီလီယံကျတော့ အကိုကြီးတစ်ယောက်အနေနဲ့ ငါပေးတဲ့ ဂုဏ်ပြုလက်ဆောင်ပဲ။ မင်းတို့တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ချစ်မြတ်နိုးပြီး အတူတကွ ထာ၀ရပေါင်းသင်းနေနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်"
သူသည် ချက်လက်မှတ်များကို ကမ်းပေးလိုက်ပြီး ကျိယွီရှောင်က လက်ကိုမြှောက်၍ တည်ငြိမ်စွာယူလိုက်၏။ သူ၏မျက်နှာ၌ သေးငယ်သောအပြုံးတစ်ခု ဖြစ်ပေါ်လာလျက် "မင်းက မင်းညီမထက် စကားဘယ်လိုကောင်းအောင် ပြောရမလဲသိတာပဲ။ ဒါဆိုရင် ကျွန်တော်တို့ကလည်း ၀မ်းကွဲတို့ရဲ့ ဆုမွန်ကောင်းအတွက် ကျေးဇူးတင်ပါတယ်"
"ယဥ်ကျေးနေဖို့ မလိုပါဘူး။ ရှောင်ရှောင် ...မင်းက အရင်ကနဲ့မတူတော့ဘူး။ အကိုကြီးတစ်ယောက်အနေနဲ့ ငါမင်းအတွက်စိတ်ပူသင့်တာ သဘာ၀ကျပါတယ်"
ကျိယွီရှောင်၏မျက်လုံးများမှာ ချက်ချင်းအေးစက်လာသည်။
သူသည် ကျိမူအားကြည့်၍ အေးစက်စွာ ပြောလိုက်၏ "လက်ဆောင်ပေးပြီးပြီဆိုမှတော့ မင်းအခုပြန်သင့်ပြီ။ ငါမင်းကို အပြင်လိုက်ပို့ပေးဖို့ စောင့်နေတာလား"

STAI LEGGENDO
ငါကဗီလိန်ရဲ့ပါးပါး
Storie d'amoreBL novel အသစ်လေး update လုပ်ထားပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.facebook.com/profile.php?id=100082977590554&mibextid=ZbWKwL