Chapter 7

616 84 0
                                    

Chapter 7

လင်းလော့ချင်းက ချက်ခြင်း သတိပြန်ကပ်ကာ မတ်တပ်ရပ်ပြီး ပုခုံးတို့ကို လှုပ်ရှား၍ သရုပ်ဆောင်ရန် အဆင်သင့် ပြင်လိုက်တော့သည်။

“ဘယ်လိုစတိုင်မျိုးကို သဘောကျလဲ ...”

သူက စမေးလိုက်သည်။

“အကြွင်းမဲ့ ထိန်းချုပ်မှုလား  စိတ်ခံစားချက်တွေ ပေါက်ကွဲထွက်လာတာမျိုးလား လတ်ဆတ်တဲ့ စာပေမျိုး ဒါမှမဟုတ် နေရာလွတ် ကြိုက်တာ ရွေးလို့ရတယ် ဘာမဆို အကုန်လုပ်နိုင်တယ် ...”

ကျိယွီရှောင်က ဤကဲ့သို့သော တုန့်ပြန်မှုမျိုးကို မျှော်လင့်မထား၊ တစ်ခဏမျှ တွေးကာ ပြန်ဖြေလိုက်သည်.။

“အကြွင်းမဲ့ ထိန်းချုပ်မှု ..."

မနေ့က အိပ်မက်နဲ့တင် ခွေးသွေးတွေက လုံလောက်နေပြီ ...

လင်းလော့ချင်းက သူ့ကို “အိုကေ” ဟု လက်ဟန်ပြကာ တစ်ဖက်သို့ လှည့်၍ ခံစားချက်များကို စုစည်းလိုက်သည်။ ထို့နောက် လွန်စွာ သနားစဖွယ် မျက်နှာထားဖြင့် ပြန်လှည့်ကြည့်လာ၏။

သူ့မျက်နှာမှာ ထွင်းဖောက်ကာ မြင်ရလုနီးပါး ဖွေးဆွတ်နေကာ အထိခိုက်မခံနိုင်သည့်နှယ်။ မျက်လုံးတို့မှာလည်း ဝမ်းနည်းနေသည့်ဟန် မျက်ရည်စတို့ တွဲလွဲခိုနေ၏။ သူက ကျိယွီရှောင်ကို တစ်ခုခု ပြောလိုဟန်ဖြင့် စိုက်ကြည့်လိုက်သော်ငြား အချိန်ကိုက် ရပ်တန့်လိုက်သည်။

ကျိယွီရှောင်ပင်လျှင် ခေါင်းတဆတ်ဆတ် ငြိမ့်မိသွားတော့၏။ “အဓိပ္ပါယ်ရှိသားပဲ” ဟူ၍ပင် တိတ်တိတ်လေး တွေးမိသွားတော့သည်။

“မင်း ... ဘာကို ဆိုလိုတာလဲ ...”

လင်းလော့ချင်းက တီးတိုးပြောလိုက်သည်။

သူ့အသံမှာ လွန်စွာတိုးညှင်းကာ အနိုင်ကျင့်ခံရ၍ ဘာဆက်ပြောရမည်မှန်း မသိတော့သည့်နှယ်။

“မင်းက ဒီလိုဆိုမှတော့ .. ငါ ..ငါက ဘာလုပ်နိုင်ဉီးမှာလဲ ...”

ဤသည်မှာ သူ လူရွေးပွဲ ဝင်ဖြေခဲ့ဖူးသည့် အထိခိုက်မခံနိုင်သော သနားစဖွယ် သခင်လေးဇာတ်ကောင်ဖြစ်သည်။ ထိုဇာတ်ကောင်ကို လွန်စွာ သဘောကျလှသည့်တိုင် အရွေးမခံခဲ့ရ။ သို့သော် စာသားအများစုနှင့် ထိုစာသားများ၏ အဓိပ္ပါယ်ကို ကောင်းစွာ မှတ်မိနေဆဲ ဖြစ်သည်။

ငါကဗီလိန်ရဲ့ပါးပါးWhere stories live. Discover now