Chapter 8
“ ငါရှင်းပြနိုင်ပါတယ် ...”
ကျိယွီရှောင်က ဦးစွာ စပြောလိုက်သည်။
“ငါ အရမ်းပင်ပန်းနေလို့တာကြောင့်ပဲ...မင်းသရုပ်ဆောင်တာနဲ့ တကယ်လုံး၀မပတ်သတ်ဘူး...”
“တကယ်လား...”
လင်းလော့ချင်းက သူ့ကို မယုံကြည်နိုင်တော့ပေ။
“ဒါဆို လက်ထပ်ဖို့ကိစ္စ အရင်ပြောကြတာပေါ့...သရုပ်ဆောင်တာကတော့ ငါ မင်းကို မပြန်ခင် သရုပ်ထပ်ဆောင်ပြမယ်...”
ကျိယွီရှောင်: "..."
ကျိယွီရှောင်သည် ယင်းက သူ့အတွက် အလွန်ခက်ခဲသည်ဟု ခံစားလိုက်ရသည်။
သူ့အတွက် အရမ်းကို ခက်ခဲလွန်းတယ်...
ဘာလို့ သူ့စွမ်းရည်ကို ထပ်သုံးချင်ရတာလဲ...
သူက သာမန်အိပ်မပျော်နိုင်သူလေးပါ...
ဘာလို့ သူ့ကို ကျပ်တည်းစေရတာလဲ...
ဒါက အရမ်းကို ရက်စက်လွန်းတယ်...
ကျိယွီရှောင်က တစ်ခဏလောက်တိတ်ဆိတ်သွားပြီး ကူရာမဲ့စွာဖြင့် ပြုံးနေသည်ကို လင်းလော့ချင်း မြင်လိုက်ရသည့်အခါ ကျိယွီရှောင်က အတော်စိတ်၀င်စားစရာကောင်းသည်ဟု တွေးလိုက်သည်။
ကျိယွီရှောင်က စိတ်၀င်စားစရာကောင်းရုံသာမက လူကောင်းတစ်ယောက်လည်းဖြစ်သည်။ ဤကဲ့သို့သောလူမျိုးဖြစ်သည့်အတွက် သူအိပ်ပျော်သွားခြင်းကို သူ(လင်းလော့ချင်း)၏သရုပ်ဆောင်မှုနှင့် ဘာမှမပတ်သက်ဘူးဟုပြောခဲ့ခြင်းပင် ဖြစ်၏။ ဤကား သူ့၏အလုပ်အပေါ် ဂရုစိုက်ပြီး လေးစားပေးခြင်းဖြစ်လေသည်။
ဘယ်လောက်ကောင်းတဲ့လူလဲ...
တခြားလူတွေ ပြောတာနဲ့ လုံး၀မတူဘူး...
လင်းလော့ချင်း ထိုသို့တွေးကာ ဆိုဖာပေါ်ကို ပြန်ထိုင်လိုက်ပြီး အကြောင်းအရာကို ပြောင်းလဲကာ ပြောလိုက်သည်။
“ငါတို့ လက်ထပ်ဖို့ အကြောင်းပြောကြတာပေါ့...”
ကျိယွီရှောင်က ထိုကိစ္စကို ဆွေးနွေးရန် သိသိသာသာ မျှော်လင့်နေသူဖြစ်၏။

YOU ARE READING
ငါကဗီလိန်ရဲ့ပါးပါး
RomanceBL novel အသစ်လေး update လုပ်ထားပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.facebook.com/profile.php?id=100082977590554&mibextid=ZbWKwL