Chapter 9
လင်းဖေး အိမ်ပြန်ရောက်သည့်အခါ လင်းလော့ချင်းက ဆိုဖာပေါ်ထိုင်ကာ ဂိမ်းဆော့နေသည်ကို မြင်လိုက်ရသည်။
လင်းလော့ချင်းက လင်းဖေးပြန်ရောက်လာမည်ကို မမျှော်လင့်ထားသည့်အတွက် အံ့အားသင့်သွားလေသည်။
“ မင်းပြန်လာပြီလား...ငါ မင်းကိုစောင့်ဖို့ မပြောထားဘူးလား...”
လင်းဖေး ပြန်ဖြေလိုက်သည်။
“အခု၉နာရီထိုးနေပြီ...”
“ဖာ့ခ်...”
လင်းလော့ချင်း အံ့ဩသွားသည်။
“ဘာလို့ ဒီလောက်နောက်ကျသွားရတာလဲ...ငါ ဂိမ်းနှစ်ပွဲပဲဆော့ရသေးတယ်...”
လင်းလော့ချင်း စကားပြောနေစဉ် ဂိမ်းထဲမှ သူအသင်းဖော်များ၏ ဆဲဆိုသံများ ထွက်လာလေသည်။ လင်းလော့ချင်းက သူအသင်းဖော်များနှင့် ဆဲဆိုငြင်းခုံလိုက်ပြီး ဂိမ်းကို ဆက်ကစားလိုက်သည်။
လင်းဖေးက သူ့ကို တိတ်တိတ်လေးကြည့်နေပြီး သူ့အခန်းထဲသို့ ၀င်လိုက်သည်။
သူ ညအ၀တ်အင်္ကျီကို ယူလိုက်ပြီး ရေချိုးခန်းထဲသွားကာ ရေပူကို ပြင်ဆင်လိုက်သည်။ ပြီးနောက် စိုနေသည့် အင်္ကျီကိုချွတ်လိုက်ပြီး ရေပူထဲတွင် သူ့ခန္ဓာကိုယ်ကို နွေးစေရန် စိမ်နေလိုက်သည်။
သူ အချိန်ကြာမြင့်စွာ ရေမစိမ်ခဲ့ပေ။ သူ အ၀တ်အစားများကို ၀တ်လိုက်ပြီး ရေချိုးခန်းထဲမှထွက်လာလိုက်သည်။ ထို့နောက် ရေနွေးတစ်ခွက်သောက်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွက် ဆေးအချို့ကိုလည်း သောက်လိုက်၏။ လုံလောက်ပြီဟု ခံစားရသည့်အခါ အိပ်ခန်းထဲ စာဖတ်ရန် သွားလိုက်သည်။
လင်းလော့ချင်း ဂိမ်းကစားပြီးသည့်အခါ သူ ယခုချိန်ထိ ညစာမစားရသေးသည်ကို သတိရသွားသည်။ သူ အော်ဒါအချို့ မှာလိုက်ပြီး အော်ဒါ ရောက်လာသောအခါ လင်းဖေးကို ခေါ်လိုက်သည်။
“ညစာစားလို့ရပြီ..."
လင်းဖေးက စာအုပ်ကို ချလိုက်ပြီး အိပ်ခန်းထဲမှ ထွက်လာကာ စားလိုက်သည်။
သူ ဘာစကားမှမပြောခဲ့ပေ။ လင်းလော့ချင်းက လည်း သူ့ကို အာရုံမစိုက်ခဲ့ပေ။ လင်းလော့ချင်းက သူ့အိပ်ခန်းထဲ ၀င်ကာ ဂိမ်းဆက်ကစားလိုက်သည်။
KAMU SEDANG MEMBACA
ငါကဗီလိန်ရဲ့ပါးပါး
RomansaBL novel အသစ်လေး update လုပ်ထားပါတယ်ရှင့်🥰🥰 IQ Team မှ ကြိုဆိုပါတယ်.. သိလိုသည်များနှင့် Paid Novels များအတွက် IQ Team Webnovels Translations Page ကို ဆက်သွယ်ပေးပါရှင်...👇👇👇 https://www.facebook.com/profile.php?id=100082977590554&mibextid=ZbWKwL