Chapter 3

888 110 1
                                    

Chapter 3


လင်းလောချင် “မလိုပါဘူး”

ထိုသို့ တွေးလိုက်သည့်တိုင်  ထုတ်လည်း မပြောရဲ။

“မင်းကို ယုံပါတယ် ...”

သူက အခိုင်အမာ ခေါင်းငြိမ့်ပြလိုက်သည်။

“မင်းအခြေအနေအရဆို အင်ဂျင်ကလည်း တော်တော်လေး ကြီးမားပြီး အားကောင်းမှာပဲ မင်းကို ယုံပြီးသားဆိုတော့ ဖွင့်ပြနေစရာ မလိုပါဘူး ...”

သူ ယုံခြင်း မယုံခြင်းမှာ အရေးမပါ။ ကားမောင်းခြင်း မမောင်းခြင်းကသာ ပို၍ အရေးပါပေသည်။

ဒီဝတ္ထုထဲ ရောက်ကာစပဲ ရှိသေးတယ် ကားစီးလိုက်ရပြီ ဆိုတာမျိုးတော့ မဖြစ်ချင်ပါဘူး အရမ်းကို မြန်လွန်းတယ် ...

ကျိယုရှောင်က မျက်ခုံးတစ်ဖက်ကို ပင့်လျက် မေးလိုက်သည်။ 

“ဟုတ်လား ဒီတစ်ခါလည်း မင်းက ငါ့ကို ထပ်ပြီး ယုံပြန်ပြီပေါ့ ...”

“မင်းကို အမြဲတမ်း ယုံခဲ့တာပါနော် ...”

လင်းလောချင်က လက်နှစ်ဖက်ကို စုကိုင်လျက် အလွန်အမင်း စစ်မှန်လေးနက်စွာ ပြောလိုက်သည်။

“အမြဲတမ်း မင်းကိုပဲ ယုံကြည်ခဲ့တာ ...”

ကျိယုရှောင် : နောက်တစ်ခါ ထပ်ပြီး သရုပ်ဆောင်ပြန်ပြီ ...

“ငါက မသန်စွမ်း ဖြစ်နေရင်တောင်လား ...”

(T.N :  “ ...” ဒီလိုဆို စကားပြော ၊  ... ဒီလိုဆို အတွေးပါ။ ဇာတ်ကောင်တွေ အကုန်လုံးက အတွေးတစ်လှည့်၊ အပြောတစ်လှည့် ဆိုတော့ ဖတ်ရတာ မျက်စိလည်နေမှာ ကြောက်လို့)

“မင်းခန္ဓာကိုယ်က ဒဏ်ရာရနေပေမယ့် ခံယူချက်ကတော့ မပျက်စီးသေးဘူးလေ …”

“ငန်းသားစားချင်နေတဲ့ ဖားတစ်ကောင်ဆို ...”

“ဘယ်မှာလဲ ...”

လင်းလောချင်က ဝန်မခံ။

“ငါကမှ နူးညံ့တဲ့ ဖားပြုတ်လေးပါ မင်းရဲ့ တော်ဝင်ဆန်တဲ့ ငန်းအသားလေးကို စားချင်နေတဲ့ ဖားပြုတ်လေ ...”

“အရှက်မရှိဘူးဆိုတာကရော ...”

ဟေး နေပါဦး မူလကိုယ်က တကယ်ကြီးကို ဒီလို စကားလုံးကြမ်းတွေ အကုန်လုံး သုံးခဲ့တာလား ...

ငါကဗီလိန်ရဲ့ပါးပါးWhere stories live. Discover now