အချစ်ထူး
အပိုင်း (၂)
#အချစ်ထူး
06241206
"ထူးထူး.."
"ဘယ်သွားနေပြန်ပြီလဲ..သေနာကျလေး..."
"ဒီ..ဒီမှာပါ...မေမေ..."
အထူး လက်ထဲက ပန်းကန်ကို မဖိတ်အောင် သေချာကိုင်ပြီး အိမ်ရှေ့ခန်းကို သွားရသည်။
ပန်းကန်ကို အသံမမြည်အောင် စားပွဲပေါ်တင်လိုက်ပေမဲ့ ဇွန်းမပါတာ သတိရသွားတော့ အထူးလန့်သွားသည်။
ဒေါ်လေး စားပွဲနား မရောက်ခင် မီးဖိုချောင်ထဲ ဝင်ပြေးပြီး ဇွန်းယူကာ ပြန်ပြေးခဲ့ရသည်။
"ဒီနေ့ နင့်အမေ ဖုန်းဆက်လိမ့်မယ်...ကျောင်းဖွင့်တော့မှာမို့ ငွေများများပို့ပေးပါလို့ ပြောလိုက်"
"ဟုတ်..."
"ေ-ာက်သံကလည်း မပြောင်းစေနဲ့နော်...မဟုတ်ရင် နင် မလွယ်ဘူးမှတ်.."
"ဟုတ်.."
အထူး ခေါင်းညိတ်ကာ စားပွဲဘေးမှာ လက်ပိုက်ပြီး မတ်တတ်ရပ်နေရသည်။
ထမင်းစားနေချိန် မျက်လုံးမော့ မကြည့်ရဘူးဆိုလို့ အောက်ခင်းက ကြမ်းပြင်ကိုပဲ မျက်တောင်မခပ်ကြည့်နေမိသည်။
အထူး ကြောက်သည်။
အမေ နဲ့ အတူတူ နေချင်သည်။
အမေ ပြောတော့ကျောင်းပိတ်ရင် လာခေါ်မယ်ဆိုပြီး အခု အထူး လေးတန်းတောင် တက်ရတော့မည်။
အမေက ငွေအမြဲပို့ပေးမဲ့ အထူး အတွက် အဝတ်အစားတွေ အစားအသောက်တွေ ဘာမှ မရတော့ပါဘူး..။
အထူး ဝတ်ထားတဲ့ ဘောင်းဘီတို အောက်မှာ ခြင်တွေ ဝိုင်းဝိုင်းလည်နေပေမဲ့လည်း ဒေါ်လေးက အနားမှာမို့လို့ ခြေထောက်ကော လက်ကော မလှုပ်ရဲလို့ ခြင်တွေကို ဆိုက်ကြည့်ပြီး စိတ်ထဲကနေ မောင်းနေမိသည်။
အထူး မျက်လုံးနဲ့ မကြည့်ရလည်း စားနေတဲ့ အသံကိုတော့ နားထောင်နေမိသည်။
ထမင်းပန်းကန်နဲ့ ဇွန်းထိတဲ့ အသံက နည်းနည်း အသံထွက်လာတော့ ဒီလိုဆို ထမင်းကုန်တော့မည်ဆိုတာ အထူး သိသည်။
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."