Part 5

4.2K 254 67
                                    


အချစ်ထူး

အပိုင်း (၅)

#အချစ်ထူး

06250914

"ဟ..ဟလို...အမေလား...သားပါ...အထူး..."

အထူး သုံးရက်လောက် စောင့်နေရတဲ့ ဖုန်းဝင်လာတာနဲ့ အမေဆိုတာ တန်းသိပြီး အလောတကြီး ပြန်ဖြေမိသည်။

"သြော်..သားလေး...သား အဒေါ်ကော..."

"ဒေါ်လေး ဆုံးပြီ အမေ..."

"ဟင်...ဟယ်...ဘယ်လိုဖြစ်တာလဲ..ဟိုနေ့ကတောင် အကောင်းမလား...သား ငွေလိုတယ်ဆို..ဆေးရုံတက်ရတာဆို...ဘယ်လိုတွေ ဖြစ်ကုန်တာလဲ..."

"ညဘက် အပြင်မှာ ငွေလုခံရတာ...ဓားထိုးခံရလို့ ဆုံးတာ..."

"အမလေး...."

အမေ က အော်တော့ အထူးလည်း လည်ပင်းက သွေးထွက်နေတဲ့ ဒေါ်လေး အဖြစ်ကို ပြန်မြင်ယောင်ရင်း ကြက်သီးထသွားသည်။

အကြွေးတောင်းတဲ့လူတွေ အထူး ကို အိမ်မှာတွေ့ရင် အထူးလည်း အသတ်ခံရတော့မှာလေ..။

"အမေ...အထူး ကြောက်လို့...အမေ့ဆီ လာချင်တယ်..ဘယ်လိုလာရမလဲဟင်..ဘယ်က လာရမလဲဟင်..."

"ဟင်...သားဦးလေး ရှိလား..."

"‌အထူး...လေးတန်းကတည်းက ဒေါ်လေးနဲ့ ဦးလေး ကွဲသွားပြီး...အထူးနဲ့ ဒေါ်လေး နှစ်ယောက်တည်းနေတာ...ခုဒေါ်လေးလည်း မရှိတော့ဘူး...အထူး တစ်ယောက်တည်းရယ်...ကြောက်လို့..."

"အိုး...သားရယ်...ဘာကြောက်စရာ ရှိလဲ... သားအရွယ်ကောင်လေးတွေ ဒီမှာ တစ်ယောက်တည်း အလုပ်တွေ လာလုပ်ကြတာပဲ...ဒေါ်လေး မရှိလည်း သားက ကလေး မဟုတ်တော့ဘူးလေ...သား ပညာသာ ပြီးအောင် သင်.. ငွေလိုရင် အမေ ပို့ပေးမယ်နော် ဒီတိုင်းပဲ ကျောင်းဆက်တက်နေ...အမေ ငွေလိုသလောက် ပို့ပေးမယ်နော်...ဒီမှာဆို  သား နေရစားရ အဆင်ပြေမှာ မဟုတ်ဘူး...သားရဲ့......"

"အထူး ကျောင်းမတက်တာ ကြာပြီ...လာခဲ့မယ်နော်...အထူး တစ်ယောက်တည်း လာရလည်း ဖြစ်ပါတယ်...ဘယ်လိုလာရမလဲပဲ အမေပြောပါနော်..."

"ဟို...သား...သားလာရင် ပင်ပန်းမှာသားရဲ့....ဒီမှာကလေ စကားမတက်ရင် အဆင်မပြေဘူး...အမေ ငွေပို့ပေးမယ်လေ...သား တစ်ယောက်တည်း မနေရဲရင် အဆောင်မှာ သူငယ်ချင်းတွေ စုနေတာမျိုး နေပါလား...သားရဲ့...ဟင်.."

အချစ်ထူးWhere stories live. Discover now