အချစ်ထူး
အပိုင်း (၁၅)
#အချစ်ထူး
07100725
"ပျော်ရွှင်ခြင်းများသာ ဖြည့်စွက်ပေးခဲ့...
အရာရာအားနည်းလွန်းတဲ့ ဘဝထဲ...
မင်းသာ...အလိုအပ်ဆုံးသောအရာ...
တစ်ခုတည်းသော...နားခိုရာ...
ဖွင့်ပြောလိုက်ဖို့ ကြိုးစားကြည့်....
ပြန်ချစ်မလား မုန်းမလားမသိ...
အိုခက်နေပြီ...ဘယ်လိုလဲ daisy...
ရှင်နေရတဲ့ အဓိပ္ပာယ် မင်းဖြစ်လိမ့်မယ်..."
အထူး သဘောကျတဲ့ သီချင်းကို ခပ်တိုးတိုးလေး ဖွင့်ထားပေမဲ့ စိတ်ကတော့ ရှေ့ကို ရောက်သွားပြန်သည်။
အထူး ပုံဆွဲနေရင်းက ရှေ့စားပွဲမှာ ထိုင်နေတဲ့ အစ်မကို တစ်ချက်ကြည့်မိသည်။
အစ်မ ကျော ကို ပဲ မြင်ရပေမဲ့လည်း အဆင်ပြေရဲ့လားလို့ တွေးပြီး စိတ်ပူသည်။
လည်ဂုတ်မှာ ဆံပင်လေးတွေ ပြန်ကျနေပြီး ချွေးနဲ့စိုကပ်နေတော့ အအေးစက်ကို တစ်ချက် မော့ကြည့်မိသည်။
လေအေးတွေ ထွက်နေပေမဲ့ အစ်မ ပူနေလား မသိဘူး..။
အလုပ်ခန်းမှာ ဆိုပေမဲ့လည်း ဝန်ထမ်းကောင်မလေးတွေ မလာတော့ တိတ်ဆိတ်နေသည်။
အစ်မ တစ်ယောက်တည်း အလုပ်ကို အာရုံစိုက်လုပ်နေတော့ အထူးလည်း အသံမထွက်အောင် အလိုလို သတိထားနေမိသည်။
အစ်မ ဆူမှာကို ကြောက်လို့ မဟုတ်ပဲ အစ်မ အလုပ်လုပ်တာကို နှောင့်ယှက်သလို ဖြစ်မှာ ပိုကြောက်တာပါ..။
အထူး ငေးကြည့်နေမိပြီးမှ ပုံဆွဲနေတာလည်း အစ်မကို ကူညီတာပဲလို့ အစ်မပြောထားတာ သတိရပြီး ပုံကြမ်းပြန်ဆွဲလိုက်သည်။
ဝန်ထမ်းကောင်မလေး တစ်ယောက်က စပြီးဖျားတာနဲ့ နှစ်ရက်သုံးရက်အတွင်း အကုန်ဖျားကုန်သည်။
မိုးများလို့ တုတ်ကွေးဖြစ်ကြတာလို့ ပြောပေမဲ့ တစ်ယောက်မှ အလုပ်မလာနိုင်တော့ဘူး..။

YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."