အချစ်ထူး
အပိုင်း (၁၇)
#အချစ်ထူး
"အစ်မ..."
အိ လက်ထဲက ပန်းလေးတွေကို ကိုင်ထားပေမဲ့ အသံကြောင့် စိတ်လှုပ်ရှားက ဖျစ်လိုက်မိသလို ဖြစ်သွားသည်။
ကြားယောင်တာလားလို့ တွေးမိပြီး မဝံ့မရဲ လှည့်ကြည့်မိတော့ ခြံတံခါးကို လက်နဲ့ကိုင်ပြီး ပြုံးပြနေသည်။
မဖြစ်နိုင်တာ...။
အိ နေမကောင်းဖြစ်နေပြီး တစ်ယောက်တည်းနေတာကို စိတ်မချလို့ အမေက ခေါ်လာတာ လေးရက်တောင် ရှိပြီ။
အမေ့အိမ်ကလည်း နီးနီးနားနား မဟုတ်ဘူး..။
ရန်ကုန်ရဲ့ တစ်ဖက်ကမ်းမှာတောင်..။
ဒါကို သူဘယ်လို ရောက်လာတာလဲ...။
ဆိုင်နဲ့အိမ်လမ်းပဲ သိတဲ့သူက ဒီအထိ ရောက်လာနိုင်စရာ အကြောင်းမရှိပါဘူး။
အိပ်မက် မဟုတ်ဘူးဆိုတာ သိနေသော်လည်း မြင်ယောင်တာလားလို့ ဇဝေဇဝါ ဖြစ်နေမိသည်။
"အစ်မ..နေကောင်းပြီလား.."
အိ မကြားဘူး အထင်နဲ့ ထပ်အော်မေးတော့ အနောက်က စက်ဘီးနဲ့ ဖြတ်သွားသူကတောင် သူ့ကို လှည့်ကြည့်သွားသည်။
အိ အသိဝင်ပြီး ကပျာကယာ ခြံတံခါးဆီကို သွားလိုက်ရသည်။
ခြံတံခါးက သော့မပိတ်ထားပေမဲ့ တံခါးတစ်ဖက်က သံချိတ်ကို ဖြုတ်ပေးလိုက်တော့မှ ဖွင့်လို့ရတော့သည်။
အိမှာ မယုံနိုင်သေးလို့ သူ့မျက်နှာကို အကဲခတ် ကြည့်မိတော့လည်း ပြုံးနေလိုက်တာ..။
"မခေါ်ချင်ဘူး" ပြောလိုက်တုန်းက ရပ်ကျန်ခဲ့တော့ စိတ်မကောင်းဖြစ်မိသေးသည်။
သူလည်း စိတ်ဆိုးသွားလောက်သည်လို့ ယူဆ ထားပေမဲ့အခုတော့ ဘာမှ မထူးခြားပါဘူး..။
ရင်းနှီးတဲ့ အပြုံးကို တွေ့ရတော့ အိလည်း ဝမ်းသာကာ ပြန်ပြုံးပြမိသည်။
"ဘယ်လို ဖြစ်ပြီး ဒီအထိ ရောက်လာတာလဲ..ထူးကျော်ရဲ့..."
"မပြည့် လိုက်ပို့တာလေ...အစ်မက အိမ်ကို ပြန်သွားတာဆိုလို့..."
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."