အချစ်ထူး
အပိုင်း (၁၈)
#အချစ်ထူး
07120841
"ထူးထူးကျော်ရေ..."
"ဟုတ်ကဲ့..."
ဒေါ်လေး အသံနဲ့တူပြီး ဒေါ်လေးနဲ့ရွယ်တူ အမျိုးသမီး တစ်ယောက်ရဲ့ ခေါ်သံကို ကြားတော့ အထူး လက်ထဲက စုတ်တံကို ချခဲ့လိုက်သည်။
ဒေါ်လေး အသံနဲ့တူလို့ နာမည်ခေါ်တိုင်း လန့်မိပေမဲ့လည်း အခုတော့ တဖြည်းဖြည်း နားယဉ်လာပါပြီ..။
"အန်တီ့ကို လမ်းထဲက ဆိုင်မှာ ဆားတစ်ထုပ်လောက် သွားဝယ်ဦး..."
"ဟုတ်ကဲ့..."
အထူး ခေါင်းညိတ်လိုက်ပြီး လှမ်းပေးတဲ့ ပိုက်ဆံ တစ်ထောင်တန်ကို ယူလိုက်သည်။
အိမ်ပေါ်ကနေဆင်းတဲ့ လှေကားထစ်ကို ရောက်တိုင်း အစ်မစိုက်ထားတာ ဆိုတဲ့ အပွင့်သေးသေးလေးတွေ ပွင့်နေတဲ့ အပင်လေးကို ကြည့်မိသည်။
ပန်းပွင့်အနီရောင်သေးသေးလေးတွေ ပွင့်နေတာကို တွေ့တိုင်း အစ်မကို မြင်ယောင်မိပြီး ပြုံးမိသည်။
"ထူးကျော်...ဒီမှာနေချင်ရဲ့လား..."
"အင်း..နေမယ်..."
အစ်မက အထူးကို စိတ်မချသလိုမေးပေမဲ့လည်း အထူး ခေါင်းညိတ်ပြီး နေခဲ့တာပါ..။
အစ်မနဲ့ အမြဲနေချင်တာကြောင့် အစ်မကို သတိရပေမဲ့ စိတ်ထိန်းထားရသည်။
မေမေ က အဆင်ပြေရင် အစ်မကို ပေးမယ်လို့ ပြောထားတယ်လေ..။
အထူး လှေကားတွေကို မြန်မြန်ဆင်းခဲ့ပြီး ခြံတံခါးကို ဖွင့်ကာ လက်နှိုက်ပြီး ပြန်ချိတ်ရသည်။
လမ်းမပေါ်မှာ လမ်းလျှောက်နေရင်း ဒီဘက်လမ်းတွေက ကားရှင်းနေတာ ကောင်းသည်လို့တွေးမိသည်။
အခုလို နေ့လည်ခင်းဆို တိတ်ဆိတ်လွန်းလို့ အထူး အရင်နေခဲ့တဲ့ အိမ်လိုပါပဲ..။
အထူး ခဏခဏ သွားဖူးနေတဲ့ ဈေးဆိုင်ကို ထပ်ရောက်သွားပြန်သည်။
"ဟော...ဘာယူဦးမလဲ အစ်ကိုကြီး..."
"ဆားတစ်ထုပ်..."
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."