Part 36

3.8K 289 98
                                    


အချစ်ထူး

အပိုင်း (၃၆)

#အချစ်ထူး

07200651

"သား..တော်ပြီလေကွယ်.."

အထူး ထိုင်နေရင်း ခေါင်းငုံ့ထားတာကို မေမေ က ပွေ့ပိုက်ပေးထားတော့ ပိုငိုမိသည်။

အစ်မက အသက်အန္တရယ် ကြုံခဲ့ရတာ...။

"အထူးကြောင့်..."

"မဟုတ်ပါဘူး...အခန့်မသင့်လို့ ဖြစ်ရတာပါ...သားရယ်..သား က  အခုလို ဖြစ်နေရင် မီးငယ်က ပိုစိတ်မကောင်းဖြစ်မှာပေါ့..."

အထူး မျက်လုံးထဲမှာ သမီးလေး ကို မြင်ယောင်ရင်း ရင်ဘတ်က အောင့်လာသည်။

အထူးတို့ရဲ့ သမီးလေး...။

အထူး မယုံနိုင်သေးဘူး..။

အစ်မက မေမေ တို့ဆီ သွားလည်ချင်တယ်ဆိုလို့ အတူတူ ထွက်လာရင်း အစ်မက ဗိုက်အောင့်တယ်ဆိုလို့ နီးရာ ဆေးခန်းကို ဝင်ပြမိချိန် အရေးပေါ် ဆေးရုံတင်လိုက်ပြီး ခွဲစိပ်လိုက်ရသည်။

သမီးလေး က အသက်မပါသလို အစ်မကလည်း ဆေးမပြယ်သေးလို့ မနိုးလာသေးဘူး..။

အထူး ရင်ထဲက အပူက ဘာနဲ့မတူနိုင်အောင် ရှိသည်။

သမီးလေးကို မြင်လိုက်ရတာ ရင်ထဲမှာ နာလွန်းပါသည်။

ကိုယ်လက်အဂါၤ စုံရဲ့သားနဲ့ အသက်လေးပဲ မပါခဲ့တာတဲ့..။

အထူး မျက်နှာကို လက်ဝါးအုပ်ကာ ငိုမိပြန်သည်။

"ကံမပါလာလို့ပေါ့...သားရယ်...စိတ်ဖြေပါ..."

"အစ်မက ဘာလို့ မနိုးသေးတာလဲ...မေမေ...တော်တော်ကြာနေပြီ..."

"မေမေ မေးထားပါတယ်...မစိုးရိမ်ရတော့ဘူးလို့တော့ ပြောတယ်...တော်သေးတာပေါ့..မီးငယ် က လည်း သိပ်ပေါ့တာပဲ...သွေးနည်းနည်းဆင်းတည်းက မေမေ့ကို ပြောရမှာကို...ဘာမဆို သူပဲ တက်သိတယ် ထင်နေတာ ခက်တယ်..."

"အစ်မက ဆေးထိုးပြီး သက်သာသွားလို့ မပြောဖြစ်တာပါ...ခုမှရုတ်တရက်ဖြစ်ရတာပါ..."

"သူ ပါ အသက်အန္တရယ်ရှိတယ်...သားရဲ့..."

အစ်မရဲ့ ဖြူဖျော့ပြီး ခေါ်မရတော့တဲ့ အခြေအနေကို အထူး မြင်ယောင်မိပြန်သည်။

အချစ်ထူးWhere stories live. Discover now