အချစ်ထူး
အပိုင်း (၃၀)
#အချစ်ထူး
07181116
"ဘယ်မှာ လာသေနေတာလဲ..."
"ဟင်..."
"......."
အထူး အိပ်ရာပြောင်းတိုင်း အိပ်မက်ဆိုး မက်နေကျပဲမို့ သက်ပြင်းတစ်ချက်ချလိုက်သည်။
အိပ်မက်ထဲမှာ ဒေါ်လေး တက်နင်းလိုက်တဲ့ လက်ကောက်ဝတ်က အပြင်မှာလည်း အတော်လေး နာနေလို့ အထူး လက်ကို ဖွဖွ ကိုင်ထားမိသည်။
အစ်မ က ဘေးနားမှာ ခပ်ကွေးကွေး အိပ်နေတာကို တွေ့တော့ ဒေါ်လေးရဲ့ မျက်နှာနဲ့ ကြိမ်လုံးကို မေ့သွားပြီး ပြုံးမိသွားသည်။
ညနက်မှ ရေချိုးပြီး အဝတ်အစား လဲအိပ်ကြတာဆိုတော့ အထူးလည်း နည်းနည်းအေးနေသည်။
အစ်မကတော့ စောင်ကို ကန်ချထားပြီး ကွေးအိပ်နေတာ တွေ့တော့ ပွေ့ပိုက်လိုက်ချင်စိတ်ကို ထိန်းရင်း အထူး ခုတင်ပေါ်က ဖြည်းဖြည်းဆင်းလိုက်သည်။
ခုတင်ခြေရင်းက စောင်ကိုယူပြီး ခါးအထိ ခြုံပေးလိုက်ရင်း အထူး ရင်ခုန်စွာ ပြုံးမိပြန်သည်။
အစ်မကို ပိုင်ဆိုင်ခဲ့တာ အိပ်မက်လိုပါပဲ..။
အစ်မနဲ့ ခုလို ပတ်သက်ရတာ အစ်မကို သနားအားနာသော်လည်းပဲ အထူး နဲ့ အစ်မကို လင်မယားလို့သာ ယူဆစေချင်သည်။
မဟုတ်ရင် အထူးနဲ့ အစ်မ စိမ်းသက်ဝေးကွာနေဦးမှာလေ..။
အစ်မ လိုလားကြည်ဖြူခဲ့တဲ့ ပတ်သက်မှုလေးနဲ့ပဲ အထူးဘက်မှာ အစ်မရှိနေတယ်လို့ ထင်မိပါသည်။
အထူး သိထားတဲ့ အစ်မရဲ့ အကြိုက်တွေ အကြောင်းတွေ က မမှန်တာကိုပဲ စိတ်ထဲ ပျေ်ာမိသည်။
အစ်မရဲ့ ရှက်နေတဲ့ မျက်နှာလေးနဲ့ ခပ်တိုးတိုး စကားသံလေးကို ကြားယောင်မိတိုင်း အထူး ရင်ခုန်သံတွေ မြန်လာပြီး သွေးတွေ ပူနွေးလာသလိုပါပဲ..။
အစ်မက အထူးကို အားနာတယ်တဲ့..။
အထူး အကြိုက်ကို ပြောပါတဲ့...။
ကျွန်တော် ကြိုက်တာ အစ်မလေ လို့ ပြောတော့ အစ်မက ပြုံးပြီး မျက်စောင်းထိုးခဲ့သေးသည်။
BINABASA MO ANG
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."