အချစ်ထူး
အပိုင်း(၉)
#အချစ်ထူး
07080345
"အော်ဒါက အမှီပြီးပါ့မလား..."
"ပြီးပါတယ်...မအိရဲ့..နှစ်ရက်လိုပါသေးတယ်..."
"နှစ်ရက်မဟုတ်ပါဘူး..တစ်ရက်ပဲ တွက်ထား.."
"အဲဒါဆိုလည်း မှီပါတယ်..."
အထူး ပုံဆွဲရင်း နားထောင်နေရပေမဲ့လည်း အစ်မ အလုပ်လုပ်တာကို အထင်ကြီးမိသည်။
အိတ်တွေကို နိုင်ငံခြားလည်း ပို့သလို ဆိုင်မှာလည်း ရောင်းသေးသည်။
အခုလည်း မင်္ဂဆောင်မှာ ပေးဖို့ လုပ်ရတဲ့ အိတ်သေးသေးလေး သုံးရာလောက်ကို အချိန်မှီပြီးအောင် အလုပ်ခိုင်းနေသည်။
အစ်မက အလုပ်တွေရှုပ်ပြီး မနားရပေမဲ့လည်း အထူးကတော့ အစ်မကို အလုပ်ရှုပ်နေစေချင်သည်။
အဲဒါမှ အလုပ်ခန်းမှာ ကြာကြာနေတာလေ..။
အစ်မက မှာထားလို့ ဝန်ထမ်းတွေရှိရင် စကားသိပ်မပြောရသော်လည်း အစ်မကို ခုလိုလေး တွေ့နေတာပဲ အထူး ပျော်ရပါသည်။
အစ်မက အကျီၤ အနက်ရောင်နဲ့ ဘောင်းဘီရှည် အနက်ရောင် တွဲဝတ်ပေမဲ့ အထူးသိတဲ့ အနက်ရောင်လို မမှောင်ပဲ လင်းနေသည်။
ဆံပင်ကတော့ ထုံးစံအတိုင်းပဲ ဆံညှပ်နဲ့ လိမ်ညှပ်ထားတာပါပဲ..။
အလုပ်တွေ အချိန်မမှီ မှာစိုးလို့ မျက်ခုံးတွေက နည်းနည်းတွန့်နေသလိုပါပဲ..။
အထူးလည်း ကူတက်ရင် ကောင်းဖို့..။
"အမလေး...ဆရာကြီး...ပုံတွေ တော်တော်ပြီးပြီပဲ..."
အထူး အလုပ်စားပွဲဆီကို မပြည့်က ရောက်လာပြီး အော်တော့ လန့်ပြီး တုန်သွားသည်။
လက်ထဲက ဆွဲလက်စ စာအုပ်လေးကိုကပျာကယာ ပိတ်လိုက်ရသည်။
"မယ်အိ...နင် ဒီဇိုင်းသစ် လိုချင်ရင် အလုပ်ကို ခဏမလာနဲ့..."
"ဟင်.."
အထူး မျက်လုံးပြူးသွားသလို အစ်မကလည်း မပြည့်ကို မေးငေါ့ပြသည်။
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."