အချစ်ထူး
အပိုင်း (၂၇)
#အချစ်ထူူး
12020736
"ဟလို...ကိုထူးလား...ကျွန်မ---ကပါရှင့်...."
"သြော်...ဟုတ်ကဲ့ခင်ဗျ.."
"ကျွန်မ ကို ----ဘုံးတစ်ရာလောက် မျှပါလား...ရောင်းစရာ မရှိတော့လို့ပါ..."
"မရလို့ပါ ခင်ဗျ....ကျွန်တော် နယ်က ဝယ်သူတွေအတွက် အချိန်မှီ ပို့ပေးရမှာ မို့လို့ပါ..သူတို့က ကြိုဝယ်ထားကြတာပါ..."
"ကုမ္ပဏီကို မေးတာလည်း ပစ္စည်းက ရောက်ဖို့ ကြာဦးမယ်တဲ့..ကိုထူးဆီမှာ ဘုံးတွေ သိန်းချီပြီး ရောက်တယ်ဆို..."
"ဟုတ်ကဲ့ခင်ဗျ....ကျွန်တော် နယ်တွေ ပို့နေတာနဲ့ တစ်ဝက်တောင် မကျန်တော့ပါဘူးခင်ဗျ..."
"ငါးဆယ်လောက်ဆိုရင်ရော...မျှရောင်းထားချင်လို့ပါ..."
"ဟုတ်...ကျွန်တာ် စာရင်းတွေ လုပ်ပြီးလို့ ပိုရင် ပြန်ပြောပါမယ်နော်..."
"ဟုတ်ကဲ့...ကျွန်မ အရင်ပြောတာနော်...ကိုထူး...တော်ကြာ သူများ ရောင်းလိုက်မှာ စိုးလို့ပါ..."
"ဟုတ်ကဲ့ခင်ဗျ..."
အထူး ဖုန်းချလိုက်ပြီးတော့ နောက်ထပ် ဖုန်းတွေကို ဖြေရပြန်သည်။
အထူး နှစ်လကျော်လောက် စောင့်လိုက်ရတဲ့ ပစ္စည်းတွေ ရောက်လာပြီး ပုံနေချိန် လမ်းကြောင်းအခက်အခဲ ဖြစ်လို့ ပစ္စည်းတွေ ဝယ်မရဘူး ဖြစ်ကုန်ကြသည်။
အစတုန်းက နောက်ကျမှ ရောက်လာလို့ မရောင်းရတော့ဘူးလို့ တွေးထားမိပေမဲ့လည်း အခုတော့ ပစ္စည်း တစ်ဝက်လောက်က ရက်ပိုင်းလေးအတွင်း ကုန်သွားသည်။
အထူးကတော့ အရင်တုန်းက ဝယ်ထားဖူးတဲ့ ဈေးဝယ်သူတွေကိုပဲ အဓိက ထားပြီး ရောင်းလိုက်သည်။
အန်ကယ်ပြောတာတော့ အထူးက သူများဒုက္ခကို ဈေးကွက် ဖန်တီးပြီး ဈေးဝယ်သူတွေကို ပြန်ခေါ်တာတဲ့..။
လမ်းအခက်အခဲတွေကြောင့် ပစ္စည်းပျက်သွားလို့ အများဈေးအတိုင်း ဈေးနှုန်း နည်းနည်းတက်ပေးရပေမဲ့လည်း သူများတွေလို ဈေး အလွန်အကျွံမယူထားပါဘူး..။
أنت تقرأ
အချစ်ထူး
عشوائي"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."