အချစ်ထူး
အပိုင်း (၃၄)
#အချစ်ထူး
07200108
"ပြန်တွေ့တာ တကယ်ဝမ်းသာတာကွာ..."
"ဟုတ်...ဟုတ်ကဲ့..."
သူ့လက်မောင်းကို လက်ချိတ်ထားပေမဲ့လည်း သူ့နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေမယ်ဆိုတာ အိ သိပါသည်။
မင်္ဂလာပွဲကို လူနည်းနည်းပဲ ဖိတ်ပေမဲ့လည်း ကိုစည်သူကိုတော့ အိ တကူးတကန့် သွားဖိတ်မိသည်။
အိ ထင်ထားသလိုပဲ အထူးက အတော်လေး တုန်လှုပ်ကာ မျက်နှာပျက်နေရှာတော့ စိတ်တော့မကောင်းပါဘူး..။
ကိုစည်သူတို့နဲ့ အဆက်အသွယ်ရှိနေတာ သူ တိုးတက်နိုင်ပေမဲ့ အတိတ်နဲ့ ပတ်သက်သမျှ ထွက်ပြေးချင်တဲ့ စိတ်ကိုလည်း နားလည်ပါသည်။
လက်မောင်းလေးကို ဖွဖွ ဖျစ်လိုက်ပြီး ပြုံးပြလိုက်တော့ မျက်နှာငယ်နဲ့ ပြန်တောင် မပြုံးနိုင်ရှာဘူး..။
"ကိုစည်သူ စားပါနော်...ကိုစည်သူနဲ့ ပြန်တွေ့ကြတာဆိုတာ့ အထူး အတွက်လည်း ကောင်းပါတယ်..."
"သူ့ ကားတွေက တကယ် လက်ရာကောင်းတာပါ...မအိအိအောင် အရမ်းအားပေးခဲ့တာနော်...ခုတော့ လူကိုပါ အားပေးလိုက်ပြီ...ဟား..ဟား.."
ကိုစည်သူနဲ့က ရင်းနှီးပြီးသားမို့ အိပြုံးရင်း ခေါင်းညိတ် လိုက်ရသည်။
မဟုတ်ရင် ဧည့်သည်ကို အားနာဖို့ကောင်းနေပြိလေ..။
နောက်တစ်ဝိုင်းကတော့ အိ့ အပေါင်းအသင်းတွေဆိုတော့ ပေ့ါပေါ့ပါးပါးပဲ နှုတ်ဆက်နိုင်ပါသည်။
"ဆရာကြီး..."
"ဟင်..."
"ပြုံးတောင် မပြုံးနိုင်တော့ပါလား...ဘာလဲ...မပျော်ဘူးလား..."
"ပျော်ပါတယ်..."
မိပြည့်က ရန်စနေတော့လည်း သူ့ခမျာ ပျာပျာသလဲ ရှင်းပြရှာသည်။
အိ နဲ့ လက်ထပ်တာဆိုပေမဲ့ သူနဲ့ သိတဲ့သူဆိုရင် အိတို့ မိသားစုပဲရှိတာလေ။
လာသမျှ ဧည့်သည်တွေကို မသိပဲ နှုတ်ဆက်ရတာ သူ့အတွက် စိတ်ပင်ပန်းနေမယ်ဆိုတာ ခန့်မှန်းလို့ရပါသည်။
YOU ARE READING
အချစ်ထူး
Random"သူ့ ကို တကယ်ကြိုက်လား..." "အင်း..ကြိုက်တယ်..." "ဘယ်လောက် ကြိုက်လဲ.." "မသေချင်တော့အောင် ကြိုက်တယ်..."